Define Gawdai

ကိုသဲမောင်

ချစ်သူနှင့် ဖုန်းပြောသည့်အခါ "ကို" , "သဲ" , "မောင်" စသည့် အခေါ်အဝေါ်များသုံး၍ ပြောလေ့ရှိတတ်သည့် အမျိုးသားများအား စ၊ နောက် သည့်အနေဖြင့် ခေါ်ဝေါ်သည်။

ဗျို့ "ကိုသဲမောင်" ဆော် က ဘာတဲ့လဲ ဗျ??? ခု ပြန်လာတဲ့လား ???
7 years ago
{{slangs[707].share_count}}

တော်တော်ဖြစ် နေတယ်

အငန်းမရ မထိန်းနိုင်မသိမ်းနိုင် လုပ်ချင် /စားချင် /သွားချင် နေတယ်

ဟယျောင် … မင်း တော်တော် ဖြစ်နေတယ် ဟလား ???
7 years ago
{{slangs[706].share_count}}

ဦးသာကြီး

ကိုယ့်ဘက်ကိုပဲအမြဲအသာလိုချင်ပြီး တစ်ခြားလူဘက်ကို မကြည့်တဲ့လူကိုဆိုလိုပါတယ်။ တောရွာတွေမှာ အများသုံးဆွဲတဲ့စကားလုံး ဖြစ်ပါတယ်။

ဦးသာကြီးကလည်း သာလွန်းတယ် .. တော်ရုံပဲကောင်းပါတယ်။
7 years ago
{{slangs[705].share_count}}

အူရိုင်း

မယဉ်သေးသော အရိုင်း။ အငန့်။ အကင်း။ အသစ်။ နယ်ပယ်သစ်ခုတွင် အခုမှ အခြချသောသူ။ အရက်ဝိုင်းတွင် အသုံးများသည်။

၁။ သားကြီး သောက်တာလည်း ကြည့်ကျက်ပြီးသောက် ၊ မင်းက အူရိုင်း၊ ပြီးရင် ဆန်ပြုတ်တွေဝေမယ်။ ၂။ အူရိုင်းလေးဆိုပြီး အကဲသွားသွား မစမ်းစမ်းပါနဲ့ကွာ။
7 years ago
{{slangs[704].share_count}}

နိုင်ငံတော်ကား

ကင်မရာကောင်းကောင်းဖြင့် ရိုက်ကူး၍ ဆိုရှယ်မီဒီယာပေါ်တွင် လွှင့်တင်သာ ချစ်သူစုံတွဲပုံ (သို့) သူတို့၏အချစ်ကို ဖော်ကျူးသောပုံ။

အာဏာရှင်စနစ်ကျင့်သုံးမှာ သေချာမှ နိုင်ငံတော်ကား ရိုက်နော်။ နိုင်ငံတော်ကားပေါက်ပြီးမှ နောက်တစ်ယောက်ပြောင်းချင်ရင် နားကားနေမယ်။
7 years ago
{{slangs[703].share_count}}

စမောလေး

အငယ်အနှောင်း၊ အငယ်လေး။ အသက်အရွယ်ကြီးရင့်သောသူများ ကိုယ့်ထက် အသက်ငယ်သောသူများနှင့် တွဲကြသောအခါ အသုံးပြုသည်။ အင်္ဂလိပ် စကားလုံး small မှ ဆင်းသက်လာခြင်းဖြစ်သည်။

ဟို ဘိုးတော်က အာရကေ ဘယ်လောက်ထောလဲတော့ မသိဘူး၊ အမြဲတမ်း စမောလေးတွေ တစ်သိုက်နဲ့။
7 years ago
{{slangs[699].share_count}}

နွယ်

အတင်းရောသည်။ ပူးကပ်သည်။ နွယ်ပင်၏ ရစ်ပတ်သော သဘောသဘာဝကို အခြေခံပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။

သားကြီး .. မင်းသွားနွယ်နေတာ ဇယားတွေ။
7 years ago
{{slangs[698].share_count}}

စောမြသန္ဒာ

စောက်ပြသနာ

လူကြားထဲ စောက်ပြသနာပဲကွာလို့မသုံးချင်ရင် စောမြသန္ဒာပဲကွာလို့ပြောသည်
7 years ago
{{slangs[697].share_count}}

ရေမီးအစုံ

၁။ အားလုံး အပြည့်အစုံ။ လိုလေးသေး မရှိ။

သားကြီး .. ဒီမှာ မင်းကြိုက်တာတွေကြီး .. ရေမီးအစုံ လေထီးခုန်ယုံပဲ။
7 years ago
{{slangs[696].share_count}}

တွန်းသည်

ရည်းစားစကားလိုက်ပြောသည်။ လိုက်ကြောင်သည်။

အလန်းကွာ၊ ငါလိုက်တွန်းကြည့်မယ်။
7 years ago
{{slangs[695].share_count}}

Happenings


ArturoRalty
is in the house.
2 days ago
Furioushare
is in the house.
4 days ago
MuskRap
is in the house.
4 days ago
Larryovarp
is in the house.
5 days ago
JamesEconi
is in the house.
5 days ago
Mohamed Aung Gyi
is in the house.
6 days ago
Anonymous upvoted “ပလစ်”
6 days ago

View All