Define Gawdai

နေလှန်းသည်

ချိန်းထားရင် အမြဲနောက်ကျပြီးမှ ရောက်တတ်သူ

ဒီကောင် ငါတို့ကို နေလှန်းတာ နာရီဝက်ကျော်သွားပြီကွာ
8 years ago
{{slangs[39].share_count}}

အာရကေ

(တရား၀င်ပေးခြင်း မဟုတ်သော) မုန့်ဖိုး။ အောက်ဆိုဒ်

ဒီကောင် ထောနေမှာပေါ့။ အာရကေတွေ မိထားတယ်လေ။
8 years ago
{{slangs[38].share_count}}

ဖလာကြိတ်

အခမဲ့စားသုံးသည်။ အခမဲ့ရယူသည်။

ဒီကောင် ငါ့ဆီက ဖလာကြိတ်တာ များပြီကွာ။
8 years ago
{{slangs[37].share_count}}

ကုလားကားရိုက်နေတယ်

ပေရှည်တယ် - ဇာတ်လမ်းရှည်နေသည်။ မပြီးစီးနိုင်ဖြစ်နေသည်။

ဟေ့ကောင် အခုထိ မင်းနဲ့ မင်းအရင်စော်က ကုလားကားရိုက်နေတုန်းလား။
8 years ago
{{slangs[36].share_count}}

တိုင်ပတ်

မပြီးစီးနိုင်ဖြစ်နေသည်။ စကားကြောရှည်နေသည်။

ဒီလောက်လွယ်တဲ့ ကိစ္စကို တိုင်ပတ်နေတယ်။
8 years ago
{{slangs[35].share_count}}

စဖွယ်

သနားစရာရုပ်ရည်

လကုန်ရင် စဖွယ်ရုပ်တွေဖစ်ကုန်တယ်။ မထင်ရဘူး စဖွယ်လေးနဲ့ လုပ်စားသွားတယ်။
8 years ago
{{slangs[34].share_count}}

ဇမ်းခတ်

ရောက်ယက်ခတ် နေခြင်းကိုခေါ်သည်

သားကြီးရာ ငြိမ်ငြိမ်နေပါ ဇမ်းတွေကိုခတ်နေတာပဲ ... မင်းကြည့်ရာတာ မျက်စိနောက်တယ်။
8 years ago
{{slangs[33].share_count}}

အချာပင်

အချဉ်ပါ

သူ့ကိုလျှော့မတွက်နဲ့ အချာပင် မဟုတ်ဘူး။ ငါ့ကို အချာပင် မှတ်နေလား
8 years ago
{{slangs[32].share_count}}

ဇေပဲ

ဇိမ်ကျခြင်း၊ အေးအေးဆေးဆေးရှိခြင်း၊ သက်တောင့်သက်သာ အပူအပင်ကင်းခြင်း။ စိုင်းထီးဆိုင် ပက်လက်ဖောင်းမင်းသား သီချင်းထဲတွင် ဘရာသာရေ ဇေပါတယ်ဟု သုံးစွဲဖူးသည်။

ဒီအချိန်ပင်လယ်ကမ်းခြေမှာ ဘီယာလေးသောက်ပြီး နှပ်လိုက်ရလို့ကတော့ ဇေပဲကွာ။
8 years ago
{{slangs[31].share_count}}

ဒိုက်

ခေတ်မမှီ ပုံတုံးသည်။ 

ဟဲ့ဟိုစော်က တကယ့်ဒိုက်ပဲ။ ပုံစံကိုက ဒိုက်ပုံနဲ့။
8 years ago
{{slangs[30].share_count}}

Happenings


Humanaber
is in the house.
3 days ago
Ruslanpaw
is in the house.
6 days ago
KennethgeX
is in the house.
6 days ago
DavidPlole
is in the house.
1 week ago
Germanunab
is in the house.
1 week ago
ArturoRalty
is in the house.
1 week ago
Furioushare
is in the house.
1 week ago

View All