Define Gawdai

ဒိုင်ကွက်

ဒိုင်လျှိုကွက်။ အများမသိအောင် ဒိုင်လျှို ထားသောလုပ်ဆောင်ချက်။

ဟေ့ကောင်နေဦး။ လျှောက်မလုပ်နဲ့။ ပြီးမှ မင်းကိုငါ ဒိုင်ကွက်လေးတွေပြမယ်။
8 years ago
{{slangs[10].share_count}}

ခေါ

ကုန်သွားပြီ၊ လက်ကျန်မရှိတော့ခြင်း

ဆေးလိပ်ကခေါနေပြီထင်တယ် ညှော်နေပြီ။ ငါ့မှာသုံးစရာမရှိတော့ဘူး ပါတာအားလုံးခေါသွားပြီ။
8 years ago
{{slangs[11].share_count}}

အဆံချောင်

အူကြောင်ကြောင်အတွေးတွေးသူ။ ကျပ်မပြည့်သူ။

အဲ့ကောင် အဆံချောင်ကွာ ဘာတွေပြောနေမှန်းလဲမသိဘူး
8 years ago
{{slangs[12].share_count}}

ကေကျွဲ

ကြေကွဲတယ်။ ဗီဒီယို တစ်ကားတွင် ဗေလုဝ ပြောသောစကား။

ဒီစော်လောက်နဲ့တော့ ကေကျွဲ မနေနဲ့
8 years ago
{{slangs[18].share_count}}

ဘဂဝါ

ဘုန်းကြီး

မနက် ဘဂဝါတွေ ကြွမှာမို့ ဆွမ်းချက်ရဦးမယ်။
8 years ago
{{slangs[285].share_count}}

တိုင်ပတ်

မပြီးစီးနိုင်ဖြစ်နေသည်။ စကားကြောရှည်နေသည်။

ဒီလောက်လွယ်တဲ့ ကိစ္စကို တိုင်ပတ်နေတယ်။
8 years ago
{{slangs[35].share_count}}

နေလှန်းသည်

ချိန်းထားရင် အမြဲနောက်ကျပြီးမှ ရောက်တတ်သူ

ဒီကောင် ငါတို့ကို နေလှန်းတာ နာရီဝက်ကျော်သွားပြီကွာ
8 years ago
{{slangs[39].share_count}}

အလံဖြူ

အရှုံးပေးသည်၊ ငြိမ်းချမ်းရေးလိုလားသောကြောင့် အလံဖြူပြသည်။ စစ်အတွင်း အသုံးပြုခဲ့သော သငေ်္ကတဖြစ်သည်။

ဟိုနေ့က ငါ့စော် ကောင်းကောင်းကြီး ရစ်နေတာနဲ့ အလံဖြူပြခဲ့ရတယ်။
7 years ago
{{slangs[417].share_count}}

ဂရိတ်ပြည့်

ဝါသနာတူသူငယ်ချင်းများ အတူတကွ ရေမီးစုံစွာ နှပ်နေနိုင်သောအချိန်။ ဆရာကိုတာ၏ ဂရိတ်နေရာများ ဆိုသည့်အဓိပ္ပါယ်မှ အဖျားဆွတ်ကာ ကျွန်တော်စသုံးခဲ့ရာမှ နေပြည်တော်ဘူးကွဲတွင်စတင်သုံးစွဲသည်

ဒီနေ့တော့ လမ်းကြောင်းမရှိတော့ ဂရိတ်မပြည့်ဘူးကွာ
8 years ago
{{slangs[294].share_count}}

ရှူရှောင်

ဘာမှမလုပ်ချင်သဖြင့် ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေသည်။

သားကြီးမင်း ဒီနေ့ရှူရှောင်တွေ များနေပြီနော် သတိလေးလည်းထားဦး။
8 years ago
{{slangs[43].share_count}}

Happenings


Humanaber
is in the house.
4 days ago
Ruslanpaw
is in the house.
1 week ago
KennethgeX
is in the house.
1 week ago
DavidPlole
is in the house.
1 week ago
Germanunab
is in the house.
1 week ago
ArturoRalty
is in the house.
1 week ago
Furioushare
is in the house.
1 week ago

View All