Define Gawdai

တိုင်ပတ်

မပြီးစီးနိုင်ဖြစ်နေသည်။ စကားကြောရှည်နေသည်။

ဒီလောက်လွယ်တဲ့ ကိစ္စကို တိုင်ပတ်နေတယ်။
10 years ago
{{slangs[35].share_count}}

ဘဂဝါ

ဘုန်းကြီး

မနက် ဘဂဝါတွေ ကြွမှာမို့ ဆွမ်းချက်ရဦးမယ်။
10 years ago
{{slangs[285].share_count}}

အလံဖြူ

အရှုံးပေးသည်၊ ငြိမ်းချမ်းရေးလိုလားသောကြောင့် အလံဖြူပြသည်။ စစ်အတွင်း အသုံးပြုခဲ့သော သငေ်္ကတဖြစ်သည်။

ဟိုနေ့က ငါ့စော် ကောင်းကောင်းကြီး ရစ်နေတာနဲ့ အလံဖြူပြခဲ့ရတယ်။
10 years ago
{{slangs[417].share_count}}

ရှူရှောင်

ဘာမှမလုပ်ချင်သဖြင့် ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေသည်။

သားကြီးမင်း ဒီနေ့ရှူရှောင်တွေ များနေပြီနော် သတိလေးလည်းထားဦး။
10 years ago
{{slangs[43].share_count}}

ရွေ့

လက်ရှိနေရာမှ နောက်တနေရာသို့ သွားကြမည့်အခါ သုံးသည်။

သားကြီး ရွေ့ကြမယ်ကွာ။ ဒီမှာထိုင်ရတာ ပျင်းလာပြီ။
10 years ago
{{slangs[67].share_count}}

အီးလေးစွဲ

အလုပ်တခုလုပ်ရာမှာ လေးပင်သည်။ကြန့်ကြာသည်။

ဒီကလေးနှယ် ဒါလေးလုပ်တာမပြီးတော့ဘူး အီးလေးစွဲနေတာပဲ။
10 years ago
{{slangs[95].share_count}}

J ဝင်

Jealous မှ လာသည်။ မနာလိုဖြစ်သည် ဟု ဆိုလိုသည်။

ထားလိုက်ပါကွာ။ သူ့ထက် follower များလို့ အဲ့ဘဲ J ဝင်နေတာ
10 years ago
{{slangs[242].share_count}}

ဂရိတ်ပြည့်

ဝါသနာတူသူငယ်ချင်းများ အတူတကွ ရေမီးစုံစွာ နှပ်နေနိုင်သောအချိန်။ ဆရာကိုတာ၏ ဂရိတ်နေရာများ ဆိုသည့်အဓိပ္ပါယ်မှ အဖျားဆွတ်ကာ ကျွန်တော်စသုံးခဲ့ရာမှ နေပြည်တော်ဘူးကွဲတွင်စတင်သုံးစွဲသည်

ဒီနေ့တော့ လမ်းကြောင်းမရှိတော့ ဂရိတ်မပြည့်ဘူးကွာ
10 years ago
{{slangs[294].share_count}}

လစ်လိုက်တော့

နားလိုက်တော့နှင့် အဓိပ္ပာယ်ဆင်သည်။ မနှစ်မြို့သည့်အခါမျိုး၊ စိတ်ရှုပ်နေသည့်အခါမျိုး၊ လာလှိမ့်နေသည့် အခါမျိုးတွင် အသုံးများသည်။ ကိုယ်နှင့်အဝေးတစ်နေရာသို့ ထွက်သွားခိုင်းသည့် အခါမျိုးတွင်လည်းသုံးသည်။

သားကြီး မင်းလစ်လိုက်တော့။ ဒါမျိုး နှစ်ခါမရဘူးကွ။
10 years ago
{{slangs[402].share_count}}

superman လား

အစွမ်းပြချင်သူတွေကို ရည်ညွှန်းသည်။ တိုက်ရိုက် မွေးစားထားသော စကားလုံးဖြစ်သည်။

သားကြီး superman ဝင်မလုပ်နဲ့။ ဒီကောင်တွေက အုပ်နဲ့။
10 years ago
{{slangs[419].share_count}}

Happenings


Robertbluct
is in the house.
21 hours ago
Teresaglaby
is in the house.
1 day ago
SamuelHem
is in the house.
1 day ago
JamesFlade
is in the house.
1 week ago
Davidmix
is in the house.
1 week ago
DanielBoosy
is in the house.
2 weeks ago
Anonymous upvoted “အောလီ”
2 weeks ago

View All