Define Gawdai

ရွေ့

လက်ရှိနေရာမှ နောက်တနေရာသို့ သွားကြမည့်အခါ သုံးသည်။

သားကြီး ရွေ့ကြမယ်ကွာ။ ဒီမှာထိုင်ရတာ ပျင်းလာပြီ။
8 years ago
{{slangs[67].share_count}}

အီးလေးစွဲ

အလုပ်တခုလုပ်ရာမှာ လေးပင်သည်။ကြန့်ကြာသည်။

ဒီကလေးနှယ် ဒါလေးလုပ်တာမပြီးတော့ဘူး အီးလေးစွဲနေတာပဲ။
8 years ago
{{slangs[95].share_count}}

လစ်လိုက်တော့

နားလိုက်တော့နှင့် အဓိပ္ပာယ်ဆင်သည်။ မနှစ်မြို့သည့်အခါမျိုး၊ စိတ်ရှုပ်နေသည့်အခါမျိုး၊ လာလှိမ့်နေသည့် အခါမျိုးတွင် အသုံးများသည်။ ကိုယ်နှင့်အဝေးတစ်နေရာသို့ ထွက်သွားခိုင်းသည့် အခါမျိုးတွင်လည်းသုံးသည်။

သားကြီး မင်းလစ်လိုက်တော့။ ဒါမျိုး နှစ်ခါမရဘူးကွ။
7 years ago
{{slangs[402].share_count}}

superman လား

အစွမ်းပြချင်သူတွေကို ရည်ညွှန်းသည်။ တိုက်ရိုက် မွေးစားထားသော စကားလုံးဖြစ်သည်။

သားကြီး superman ဝင်မလုပ်နဲ့။ ဒီကောင်တွေက အုပ်နဲ့။
7 years ago
{{slangs[419].share_count}}

J ဝင်

Jealous မှ လာသည်။ မနာလိုဖြစ်သည် ဟု ဆိုလိုသည်။

ထားလိုက်ပါကွာ။ သူ့ထက် follower များလို့ အဲ့ဘဲ J ဝင်နေတာ
8 years ago
{{slangs[242].share_count}}

အာပုတ်

အတု။ အာဘုတ် သို့မဟုတ် အာဗုတ် ဟု အသံထြက်သည်။ အနီးစပ္ဆုံး အာပုတ်ရည်၊ အာပုတ္နံ့ျဖစ္နိုင်သည်ဟုယူဆသျဖင့် အာပုတ်ဟု စာလုံးပေါင်းထားသည်။

- ဟေ့ရောင် ဟိုဘဲလေး ဂေရာင်းထိပ်ကြီး ကော့ပျံတက်နေပါ့လား။ ဘာကြီးလဲဟ။ - ဟာ မင်းကလဲ မေမြို့အာပုတ်ကြီးမြင်ရဲ့သားနဲ့။ ထိပ်ကော့ကြီးလဲရှိုးလိုက်ဦး၊ ဒူးပြန်ထိုးတာ့မယ်။
8 years ago
{{slangs[257].share_count}}

ဖုန်ထ

နေရာတကာမှာ ထောင်ထောင် ထောင်ထောင်လုပ်သည်။ လူအမြင်ကပ်လောက်အောင် active ဖြစ်နေသည်။

ဒီကောင် ဒီရက်ပိုင်းမှာ တော်တော်ဖုန်ထ နေတာပဲကွာ
8 years ago
{{slangs[87].share_count}}

စမန်ထ

အငမ်းမရဖြစ်နေသည်။

ဟာ ဟိုကောင် ဘာတွေ စမန်ထနေမှန်း မသိဘူး။
8 years ago
{{slangs[91].share_count}}

လှေ့

ပျက်ရယ်ပြုသည်။

ငါ ရည်းစားနဲ့ပြတ်သွားလို့ ဘော်ဒါတွေ ဝိုင်းလှေ့နေကြတယ်။
7 years ago
{{slangs[352].share_count}}

ပေရှည်

စကားပြောရာတွင် လိုရင်းမရောက်ဘဲ ေ၀့၀ိုက်နေသည်။

ပြောမဲ့ဟာ ပြောသာမဟုတ်ဘူး ပေရှည်နေသေး
8 years ago
{{slangs[97].share_count}}

Happenings


Humanaber
is in the house.
3 days ago
Ruslanpaw
is in the house.
6 days ago
KennethgeX
is in the house.
6 days ago
DavidPlole
is in the house.
1 week ago
Germanunab
is in the house.
1 week ago
ArturoRalty
is in the house.
1 week ago
Furioushare
is in the house.
1 week ago

View All