Define Gawdai

User Avatar

Gon Myint

Total Gawdai: 9

အာလူးဖုတ်

အကြောင်းအရာ အတည်တကျမရှိပဲ ရောက်တတ်ရာရာ စကားပြောခြင်း။ စကားများသည်။

မနေ့ညကတောင် လ္ဖက်ရည်ဆိုင်မှာ ဟိုကောင်တွေနဲ့ အာလူးဖုတ်နေတာ တွေ့လိုက်သေးတယ်။
8 years ago
{{slangs[192].share_count}}

စမာကလာ

ကြည့်ကျတ်လုပ်လိုက်သည် အခြေအနေတစ်ခုမြန်မြန်ဖြေရှင်းသည်/ ကျော်သည်

ဒီပုစ္ဆာ ဘယ်လို တွက် ရတာလဲမသိဘူး အေးဆေး ပါ ကွာ စမာကလာ လုပ်လိုက်
8 years ago
{{slangs[191].share_count}}

ချိန်ပါ

ချိန်နေ၊ ကြိုက်နေသော ကောင်မလေး (သို့) ကောင်လေး တခြားသူအနောက် အမြဲပါပါသွားသည့်အခါတွင် သုံးသည်။ ပိုးဟပ် လို့လည်း သုံးကြသည်။

သားကြီး မင်းကြိုက်နေတဲ့စော် ဟိုကောင်နဲ့လစ်သွားပီ။ မင်းကတော့ ချိန်ပါကြီး ဖြစ်နေပါပြီကွာ။
8 years ago
{{slangs[190].share_count}}

ပွတ်သဘင်

ပါတီပွဲ ကိုဆိုလိုသည် ကိုလိုနီခေတ်နှင့်လွတ်လပ်ရေး ရပြီးစ အချိန်များတွင်သုံးဆွဲခဲ့သည်။

ကိုသိန်းမောင်ရာ ညက ပွတ်သဘင် မှာတွေ့ခဲ့တဲ့ မဒီ လေးကတယ်နိပ်သဗျာ။
8 years ago
{{slangs[189].share_count}}

သံပတ်

မိမိအတွက် အကျိုးအမြတ်မရှိပဲ တခြားတစ်ယောက် အတွက် လိုက်လံ လုပ်ဆောင်ပေးနေရသည်။ သံပတ်ကားလေးများကို နောက်သို့ဆွဲလိုက်သောအခါ ရှေ့သို့ သွားရသည့် သဘောဖြစ်သည်။

ငါနဲ့ ချိန်းထားပြီးတော့ လက်ဘက်ရည် ဆိုင်မှာ ဘာလာလုပ်နေတာတုန်း။ သံပါတ် မိတယ်ကွာ။
8 years ago
{{slangs[171].share_count}}