Define Gawdai

User Avatar

Swam Yee Htet

Total Gawdai: 0

လွတ်စကွတ်

ပုံမှန် အသိစိတ်လွတ်၍ ကြောင်တောင်တောင်ဖြစ်နေသည်။ ပလပ်ကျွတ်သည်။ လူမှန်းသူမှန်း မသိမူးသည့်အခါတွင်လည်း သုံးသည်။

၁။ တစ်ညလုံး မအိပ်ဘဲ ဂိမ်းဆော့လိုက်တာ အခုမနက်ကျ လူက လွတ်စကွတ်တွေ ဖြစ်နေတယ်... ၂။ သူငယ်ချင်း ဖြစ်ရဲ့လား.. ဒီအရက်က အရမ်းပြင်းတယ်နော် လွတ်စကွတ်တွေ ဖြစ်သွားမယ် ... သိပ်မသောက်နဲ့
9 years ago
{{slangs[166].share_count}}

အဇန်း

အထူးအဆန်းအစား သုံးသောစကားလုံးဖြစ်သည်

ဟာ အဇန်း ကြီးတွေပါ့လား
9 years ago
{{slangs[157].share_count}}

လိုင်

Like/လိုက်၏ အခြားသော အသုံးအနှုန်း

မင်းပုံကို ငါ လိုင်ပေးခဲ့တယ်နော်
9 years ago
{{slangs[114].share_count}}

ဒစ်လည်

၁။ စက်သီးတွင်ပါဝင်သော အထစ်ကလေးများသည် သူ့နေရာနှင့်သူ မရှိဘဲ ချော်နေသကဲ့သို့ ကိစ္စတစ်ခုခုအား မည်မျှပင် ရှင်းပြနေစေကာမူ သဘောမပေါက်သော အခါတွင် သုံးသည်။ ၂။ သာမန်ထက်ပို၍ ပြိုင်းနေသော အခါများတွင် သုံးသည်။

၁။ သားကြီးရာ မင်းကို ရှင်းပြရတာ စောက်ရမ်း ဒစ်လည်တယ်ကွာ။ ၂။ သားကြီးရေ ညက နည်းနည်းများသွားတာ အခုထိ ဒစ်လည်နေတုန်းပဲ။
9 years ago
{{slangs[108].share_count}}

မမမြ

internet troller များ အများစု အသုံးပြုကြသည်။ epic ဖြစ်သော အရာများတွင် ပြောဆိုချီးမွမ်းသည်။

ဟ မင့်meme က မမမြပဲ
9 years ago
{{slangs[105].share_count}}