Define Gawdai

User Avatar

tt

Total Gawdai: 15

အငန့်

အစ၊အသေးအဖွဲ၊ အကင်း။

ဒါတောင် ငါပညာပေးနေတာ အငန့်ပဲရှိသေးတယ်။
8 years ago
{{slangs[143].share_count}}

ရေမြွေ

ကြောက်စရာကောင်းသော်လည်း ကိုယ့်အတွက် အန္တရာယ်မရှိသည့် အခြေအနေ ကိုဖော်ပြရာ၌ အသုံးပြုသည်။

အဲ့ဘဲကြီးက fighter ကြီးဆိုပေမယ့် သဘောကောင်းတယ်... မင်းပေါင်းတတ်တယ် ဆိုရင်တော့ ရေမြွေပဲ။
8 years ago
{{slangs[130].share_count}}

ဂေါက်ပလပ်

အလွန်အမင်း ရူးနှမ်း သည်ကို ဖော်ပြသည်။(လွတ်သီး အကြီးစား)

အဲ့ကောင်က ရိုးရိုး ဂေါက်ကြောင် အဆင့်တောင်မဟုတ်တော့ဘူးကွ... ဂေါက်ပလပ် ဖြစ်နေပြီ ...
8 years ago
{{slangs[127].share_count}}

ကောက်ရိုးပွေ့

ပြဿနာကို ပိုကြီးအောင်လုပ်သည့် ပိုရှုပ်အောင်လုပ်သည့် အခြေအနေမျိုးကို သုံးနှုန်းလေ့ရှိသည်

ဒီကောင်.. သူ့ဟာသူကို ရှုပ်နေပြီးသားကို ကောက်ရိုးပွေ့လာပြန်ပြီ
8 years ago
{{slangs[121].share_count}}

ပလုတ်တုတ်ခေါက်

ဒုက္ခရောက်နေသည့် အချိန်အခါမျိုးတွင် ခေါင်းတွင်တွင်ရမ်းကာ မဟုတ်ဘူး မရဘူး မဖြစ်သေးဘူး စသည်ဖြင့် အဆက်မပြတ် ရေရွတ်ညည်းတွားနေရသော အခြေအနေမျိုးအတွက် ကိုယ်စားပြုကာ သုံးနှုန်းလေ့ရှိသည်။

အလုပ်ထဲမှာ အရှုပ်တွေမွှေပြီး ပလုတ်တုတ်ခေါက်နေတယ်။
8 years ago
{{slangs[120].share_count}}