Define Gawdai

User Avatar

tt

Total Gawdai: 15

ဆော်ပြောင်

လက်ဖက်ရည်ဆိုင်တွင် သုံးသော အသုံးအနှုန်း။ ကော်ဖီမစ်စ် ပလိန်း (ရေနွေးအပြင် ဘာမျှထပ်မထည့်ပဲ) ကိုခေါ်သောဘန်းစကား။

ဆော်ပြောင် One တခါတည်း ဆွဲမယ်။
8 years ago
{{slangs[306].share_count}}

အမုန်းဆွဲ

တစ်ခုခုကို မုန်းခန်းတိုင်အောင်လုပ်ဆောင်မှု။ လိုသည်ထက်ပိုပြီး အားထုတ်လုပ်ဆောင်မှု။

ရန်ကုန်ပြန်ရောက်တာနဲ့ မုန့်ဟင်းခါး အမုန်းဆွဲပစ်မယ်။
8 years ago
{{slangs[303].share_count}}

ဟပ်ပလုပ်

အရွယ်အစားကြီးမားသည်။ ဆိုဒ်ကြီးသည်။

မင်း လွယ်အိတ်ကြီးက ဟပ်ပလုပ်ကြီးကွာ။
8 years ago
{{slangs[297].share_count}}

ဂရိတ်ပြည့်

ဝါသနာတူသူငယ်ချင်းများ အတူတကွ ရေမီးစုံစွာ နှပ်နေနိုင်သောအချိန်။ ဆရာကိုတာ၏ ဂရိတ်နေရာများ ဆိုသည့်အဓိပ္ပါယ်မှ အဖျားဆွတ်ကာ ကျွန်တော်စသုံးခဲ့ရာမှ နေပြည်တော်ဘူးကွဲတွင်စတင်သုံးစွဲသည်

ဒီနေ့တော့ လမ်းကြောင်းမရှိတော့ ဂရိတ်မပြည့်ဘူးကွာ
8 years ago
{{slangs[294].share_count}}

တောင်းကြွက်ကိုက်

(မြည်သံစွဲ အလင်္ကာ) ပကျိပကျိ အီသည်၊ ကျူသည်။ မပွင့်တပွင့်ပြောသည်။

ဟိုကောင်တော့ စကီဆီက ဖုန်းလာလို့ တောင်းကြွက်ကိုက်နေပြန်ပြီ။
8 years ago
{{slangs[283].share_count}}