Define Gawdai

User Avatar

tt

Total Gawdai: 15

တစ်ပတ်မပြည့်

ပါးနပ်ဟန်ရှိသော်လည်း အမှန်တွင် နုံအသည်။ လည်မလိုနှင့် အသည်။

အဲ့ကောင်က လည်မလိုနဲ့ တစ်ပတ်မပြည့်ဘူး။ မနက်ဖြန် ဘုန်းကြီးကျောင်းသွားပြီး ပန်ကာလှူခဲ့ သားကြီး။ ဘဝဆက်တိုင်း တစ်ပတ်ပြည့်အောင်။
8 years ago
{{slangs[271].share_count}}

လှုံသည်

သူတပါး ပစ္စည်း၊ အစားအသောက်များကို အချောင် ကပ်မြှောင်သုံးစွဲ စားသောက်သည်။

သားကြီး မင်းကတော့ ငါ့ဆီက လှုံဖို့လောက်ပဲ ချောင်းနေတယ်ကွာ
8 years ago
{{slangs[269].share_count}}

နယ်

အလုပ်တစ်ခု (သို့) စကားတစ်ခွန်းကို ဆုံးအောင် မလုပ်ပဲ ၊ မပြောပဲနဲ့ ဟိုလိုလို ဒီလိုလိုနှင့် အချိန်ဖြုန်းနေခြင်း ။

မင်းကလဲ စောစောသွားမယ်လို့ပြောထားတာကို အရမ်းနယ်တယ်ကွာ အချိန်နီးနေပြီ။
8 years ago
{{slangs[268].share_count}}

အော်ဆွေး

အော်ရေဂျီနယ် (original) အတိုင်း ဆွေးနေတာ၊ ဆွေးမြေ့သွားတာကို ဆိုလိုသည်။ ဆရာမင်းလူ၏ "အော်ဆွေး" စာအုပ်တွင်လည်း အနက်ကို ရှင်းပြထားပြီး အသုံးပြုထားသည်။

အရင်တုန်းက e-major queen လေ။ ပဲများနေတာနဲ့ အော်ဆွေးကြီး ဖြစ်သွားတာ။
8 years ago
{{slangs[259].share_count}}

အထူအပါး

အခြအနေ၊ အဖြစ်အပျက်တို့ကို နှိုင်းယှဉ်ဖေါ်ပြသည့်အခါတွင်သုံးသည်။

ဒီဘဲလေး အထူအပါးနားမလည်ဘူး။ ခုံဖိနပ်တစ်ဖက်၊ မြမာလာတစ်ဖက် စီးခိုင်းရမယ်။
8 years ago
{{slangs[258].share_count}}