Define Gawdai

အစာမကြေ

မကျေမနပ်, အလိုမကျရာ

ငါ ငါ့အိမ်ဘေးက ကောင်ကို အစာမကြေတာကြာပြီ
7 years ago
{{slangs[390].share_count}}

ကျိုး

အိပ်သည်။

ငါခဏ သွားကျိုးလိုက်ဦးမယ်ကွာ။ ဟ .. ဒီကောင် ဒီနေ့ကျိုးလှချည်လား။
8 years ago
{{slangs[144].share_count}}

ထုံးပေသီး

ယာဉ်ထိန်းရဲ

အရှေ့တပြ အကျော်လောက်မှာ ထုံးပေသီးတွေ လှည့်ကင်းရှိတယ်။ ဆိုင်ကယ်ဦးထုပ် ဆောင်းသွားကြ။
8 years ago
{{slangs[150].share_count}}

ရှပ်ဘဲ

အရက်သမားများကို ခေါ်သည်။ ရှပ်ကီဘဲ ၊ ရှပ်ချသော ဘဲ၏ အတိုကောက်ဖြစ်သည်။

မင်းလုပ်မှပဲ ငါတို့လည်း ရှပ်ဘဲတွေ ဖြစ်ကုန်ပြီ
7 years ago
{{slangs[416].share_count}}

မြွေပဲ

မထင်မှတ်ထားသော၊ မဖြစ်ချင်သော ကိစ္စတစ်ခုခုဖြစ်သွားသည့် အခါတွင် ညည်းတွားသည့်အနေဖြင့်သုံးသည်။

မြွေပဲကွာ .. ဒီမိုး၊ ဒီရေ၊ ဒီမီး နဲ့တော့။
7 years ago
{{slangs[418].share_count}}

လစ်

အူကြောင်ကြောင် စိတ်ကစဥ့်ကလျား စဉ်းစာဉာဏ် ပျောက်နေချိန်တွင် သုံးသည်

အဲ့ကောင် လစ်ပြီး လျှောက်ပြောနေပြီ
8 years ago
{{slangs[163].share_count}}

နှပ်ကီဆွဲ

အိပ်သည်။

သားကြီး ညက ဘောပွဲကိုက်တယ်ကွာ။ ငါခဏသွားပြီး နှပ်ကီဆွဲ လိုက်ဦးမယ်။
7 years ago
{{slangs[676].share_count}}

အထာမကျဘူး

လုပ်သည့်အခါ အဆင်မပြေသည့်အခါမျိုး (သို့) စိတ်တိုင်းမကျသည့်အခါမျိုး (သို့) ကမောက်ကမဖြစ်သည့် အခါမျိုးတွင် သုံးသည်။

သူ့ဘက်က ဒီလိုလုပ်တာတော့ အထာမကျဘူးကွာ။ မင်းလုပ်တာမဟုတ်သေးဘူး အထာမကျဘူး။
7 years ago
{{slangs[681].share_count}}

တဘော်ကျဲ့

တပည့်ကျော်ကို စကားလိမ်ဖြင့် ခေါ်ဆိုခြင်းဖြစ်သည်။

မင်းလောက်က ငါ့ တဘော်ကျဲ့ နဲ့တင်ပြီးတယ်။
7 years ago
{{slangs[683].share_count}}

မထော်မနန်း

ရုပ်ပျက်ဆင်းပျက် ။ ပုံပျက်ပန်းပျက်။

"ညကျ club သွားရင်မထော်မနန်းတွေဝတ်မလာနဲ့နော်"
8 years ago
{{slangs[177].share_count}}

Happenings


Williesquib
is in the house.
8 hours ago
TerenceNaK
is in the house.
15 hours ago
WalterThync
is in the house.
15 hours ago
Robbuh
is in the house.
18 hours ago
MeganTot
is in the house.
1 day ago
Donnafup
is in the house.
1 day ago
Humanaber
is in the house.
1 week ago

View All