Define Gawdai

လင်းတယ်

အသားရေလှပသည့်၊ ဝင်းဝါသည့် မိန်းကလေးများအား ရည်ညွှန်းသည့်အခါ သုံးသည်။

ယိုးဒယားမလေးတွေ စွန်းလင်းတယ်။
7 years ago
{{slangs[435].share_count}}

အကစ်လေး

ကောင်းသည်။ ကောင်းသော။ အမိုက်စားလေး။

ငါတို့အိမ်နားက စော်လေးက အကစ်လေးကွာ။ ကစ်တာပဲ။
7 years ago
{{slangs[436].share_count}}

ဂါလန်

သိန်းရာဂဏန်းကို တင်စား၍ အသုံးပြုခြင်းဖြစ်သည်။ ၁ ဂါလန် = သိန်း ၁၀၀

ဒီကားစုတ်ကို ၃ဂါလံ အော်တယ်ကွာ။ မှတ်တောင်ထားရဦးမယ်။
7 years ago
{{slangs[708].share_count}}

နှပ်ချေးပါကွာ

(၁) တစ်ဖက်သားအား အထင်ကြီးလောက်စရာမရှိသောအခါမျိုးတွင်သုံးသည်။ (၂) ကပ်စီးနည်းသော သူများအား ခေါ်ဆိုရာတွင်သုံးသည်။

ငွေရေးကြေးရေး နှပ်ချေးပါကွာ။ အဲ့ကောင်က နှပ်ချေးကွာ .. ဒါလေးတောင် ငါတို့ကို မပေးကန်းချင်ဘူး။
7 years ago
{{slangs[461].share_count}}

ပွ

စကားများသူကို ရွဲ့ပြောဆိုခြင်း

မင်းသိပ်ပွမနေနဲ့ ငြီးတယ်ကွာ
7 years ago
{{slangs[488].share_count}}

သြဇင်းဘူး

Awesome အစားသုံးနှုန်းသည်။ ကျီစယ်ချင်သည့်အခါ ရွဲ့ချင်သည့်အခါများတွင်သုံးသည်။

အဲ့ဘဲကြီးက သြဇင်းဘူးဟ။
8 years ago
{{slangs[251].share_count}}

စားဘူးသီး

စကားလုံး၏ဇစ်မြစ်အား အတိအကျစုံစမ်းမရသေးသော်လည်း ထိုစကားလုံးအား တစ်ခုခုဆို မီးမွှေး ပြဿနာရှာတတ်သည့်ငနဲများ၊ အုန်းသီးများအားခေါ်ဆိုရာတွင်သုံးနှုံးသည်။

ဘဲကြီးက သောက်တလွဲစားဘူးသီး။ ၂၄နာရီပလပ်ကျွတ်နေတာ။ လျှော်သာပေးထားလိုက်။
8 years ago
{{slangs[252].share_count}}

ဝီ့ ဝီ့

ရိုက်ဟန်ပြုပြီးမထိပဲ လက်ဖြစ်ရိုက်သည့်အသံကို ပါးစပ်မှထွက်ခြင်း

အခြင်းခြင်း စကားပြောရင်း နားငြီးလာလို့ ချစ်လွန်းလို့နာအုံနှစ်ချက်လောက်ထိုးမယ်(မထိပဲ) ဝီ့ ဝီ့
7 years ago
{{slangs[609].share_count}}

ကွီး

ကိုကြီးကို အမြန်ခေါ်ဆိုသည့်အသံ။ ကိုယ့်ထက်အသက်ကြီးသော ဘဲကြီးများကို ရင်းနှီးစွာခေါ်ဆိုခြင်း ။ ကျော်ညိုသွေးကိုယ်တိုင် အပျော်သဘော အသစ်ဖန်တီးပြီး Facebook တွင် စတင်သုံးစွဲရာမှ တဖြည်းဖြည်းပျံ့နှံ့သုံးစွဲလာကြသည်။

"ကွီး..နေကောင်းလား" "ကွီး နှုန်းထားလေး ကြွေပြီ ခေးရယ်.."
7 years ago
{{slangs[298].share_count}}

ရှိုင်း

ရေသာခိုသည်

သူများအလုပ်လုပ်တဲ့အချိန်မှာဒီကောင်ရှိုင်းနေတာ
7 years ago
{{slangs[431].share_count}}

Happenings


Williesquib
is in the house.
9 hours ago
TerenceNaK
is in the house.
16 hours ago
WalterThync
is in the house.
16 hours ago
Robbuh
is in the house.
19 hours ago
MeganTot
is in the house.
1 day ago
Donnafup
is in the house.
1 day ago
Humanaber
is in the house.
1 week ago

View All