Define Gawdai

ကျိုး

အမူးလွန်သည်။

မနေ့ညက အိမ်ရောက်ရောက်ချင်း ငါတော့ ကျိုးတော့တာပဲ
8 years ago
{{slangs[98].share_count}}

ပေရှည်

စကားပြောရာတွင် လိုရင်းမရောက်ဘဲ ေ၀့၀ိုက်နေသည်။

ပြောမဲ့ဟာ ပြောသာမဟုတ်ဘူး ပေရှည်နေသေး
8 years ago
{{slangs[97].share_count}}

ဒေါင်းတောက်

အိပ်တန်းပြန်ရန် ဒေါင်းမကြီးမှ ဒေါင်းကလေးများကို တတောက်တောက် အသံပြုခြင်းဖြင့် ရှာဖွေသည်။

ရှာလိုက်ရတာ ဒေါင်းတောက်အောင်ပဲ
8 years ago
{{slangs[96].share_count}}

အီးလေးစွဲ

အလုပ်တခုလုပ်ရာမှာ လေးပင်သည်။ကြန့်ကြာသည်။

ဒီကလေးနှယ် ဒါလေးလုပ်တာမပြီးတော့ဘူး အီးလေးစွဲနေတာပဲ။
8 years ago
{{slangs[95].share_count}}

ဖင်နာ

သရော်သည်ကို အတည်မှတ်ကာ အသည်းအသန် လိုက်လံဖြေရှင်းတတ်သူ

ငါတော့ စိုင်းစိုင်းခမ်းလှိုင်ကို သရော်ရင် ဖင်နာ တော်တော် ရောက်လာမှာပဲ။
8 years ago
{{slangs[94].share_count}}

စန်းစန်းတင့်

Sensitive အစစအရာရာကို အထိအရှလွယ်သည်။ နောက်ပြောင်ရင်တောင် စိတ်ဆိုးလွယ်သည်။

သူ က ဘာပြောပြော စန်းစန်းတင့် ဖြစ်လွန်းတယ်၊ စ လို့ နောက်လို့ မကောင်းဘူး။
8 years ago
{{slangs[93].share_count}}

စမန်ထ

အငမ်းမရဖြစ်နေသည်။

ဟာ ဟိုကောင် ဘာတွေ စမန်ထနေမှန်း မသိဘူး။
8 years ago
{{slangs[91].share_count}}

လခွမ်း

အာမေဍိတ်သံ

လခွမ်းထဲမှပဲ ဒီည မန်ယူနိုင်မှာပါဆို - ဦးသာအေး
8 years ago
{{slangs[90].share_count}}

ဖုန်ထ

နေရာတကာမှာ ထောင်ထောင် ထောင်ထောင်လုပ်သည်။ လူအမြင်ကပ်လောက်အောင် active ဖြစ်နေသည်။

ဒီကောင် ဒီရက်ပိုင်းမှာ တော်တော်ဖုန်ထ နေတာပဲကွာ
8 years ago
{{slangs[87].share_count}}

ဖောရှော

အကြောင်းအရာတစ်ခုကို သိ/ဟုတ်/မှန်သယောင်ယောင်ပြောသည်။

ရုပ်ရှင်တောင်သေချာမကြည့်ဖူးဘဲ လာဖောရှောမနေနဲ့
8 years ago
{{slangs[86].share_count}}

Happenings


Ruslanpaw
is in the house.
1 hour ago
KennethgeX
is in the house.
6 hours ago
DavidPlole
is in the house.
1 day ago
Germanunab
is in the house.
1 day ago
ArturoRalty
is in the house.
4 days ago
Furioushare
is in the house.
5 days ago
MuskRap
is in the house.
5 days ago

View All