Define Gawdai

ရွေ့

လက်ရှိနေရာမှ နောက်တနေရာသို့ သွားကြမည့်အခါ သုံးသည်။

သားကြီး ရွေ့ကြမယ်ကွာ။ ဒီမှာထိုင်ရတာ ပျင်းလာပြီ။
7 years ago
{{slangs[67].share_count}}

အစား

လုပ်ရကိုင်ရခက်သည်။ အထူးအဆန်းဖြစ်သည်။

အဲ့ဒီ့ ဂစ်တာသမား အဲ့ဒီ့နေရာကိုတီးထားတာ အစားကွာ
7 years ago
{{slangs[66].share_count}}

ခေါင်မိုးလဲ

ဆံပင်ညှပ်သည်၊ ဆံပင်ပုံစံ ပြောင်းသည်။

(၁) သားကြီး မင်းခေါင်မိုးသွားလဲရင် သံချောင်းလေးဘာလေးခေါက်ဦး။ (၂) အဟ ခေါင်မိုးတွေဘာတွေလဲထားလို့ပါလား။
7 years ago
{{slangs[65].share_count}}

သဲကြိုးလဲ

ဆံပင်ပုံစံ အသစ်။ လတ်တလော ဖီးညှပ် ပြင်ဆင်ထားသော ဆံပင်ပုံစံ။

ဟာ ဟေ့ရောင် သားကြီး၊ သဲကြိုးလဲ ထားပါလားကွ။ မင်း သဲကြိုးလဲ ထားတာကလဲ မဂေါ်ပါဘူးကွာ။
7 years ago
{{slangs[64].share_count}}

စတော့ရွှေ့

တစ်ယောက်ထက်ပိုသော ရည်းစားဖြင့်ဇာတ်လမ်း ဖြစ်နေသည်

အဲ့စော်က စတော့အရမ်းရွှေ့ တာ ကွ
7 years ago
{{slangs[61].share_count}}

ငနီ

အုတ်နီခဲ/ အုတ်ခဲကျိုး ရန်ဖြစ်လေ့ ဖြစ်ထ ရှိသော စရိုက်များ သုံးလေ့ ရှိသည်။

ဗလကြီးမို့လို့ ကြောက်မနေနဲ့ ငါ့ကောင်။ ငနီနဲ့သာ ထိအောင်ထု။
7 years ago
{{slangs[59].share_count}}

ဂိ

ပင်ပန်းသည်။ ပြိုင်းသည်။

ညက ဘောပွဲကြည့်တာ ခုဂိနေပြီကွာ။
7 years ago
{{slangs[58].share_count}}

ငဒူ

ဘယ်နေရာမှသုံးစားမရသူ

ဟှောင့် ငဒူ မင်းလောက် သောက်သုံးမကျတဲ့သူ ဒီလောကမှာ မရှိတော့ဘူး
7 years ago
{{slangs[57].share_count}}

ခွီသည်

မျက်နှာပြောင်သည်။ မခံထိ မခံသာအောင် သိသိသာသာဖြစ်စေ မသိမသာ ဖြစ်စေ စ, နောက်သည်။​

​​ဟေ့ကောင် ဟိုဘဲတော့ စောက်တလွဲ လုပ်နေပြန်ပြီ။ သွား ခွီရအောင်။ မင်း အခွီ postကြီး ကြည့်ပြီး စော်လေးက blockသွားပြီ။
7 years ago
{{slangs[54].share_count}}

ဖြဲသည်

စကားအရာဖြင့် အချက်ကျကျ ပြောဆိုကာ ပြန်လည်တုံ့ပြန်သည်

မင်း မသိဘဲ သွားမရွှီးနဲ့။ အဲ့ဘဲ ပြန်ဖြဲလိုက်မှ ဂန့်နေဦးမယ်။
7 years ago
{{slangs[48].share_count}}

Happenings


Robertwex
is in the house.
33 minutes ago
best real money poker sites usa
is in the house.
1 day ago
ytmp3music
is in the house.
1 day ago
Jameserype
is in the house.
4 days ago
Anonymous upvoted “ပါချီပါချက်”
4 days ago
gobetsoft
is in the house.
5 days ago
Anonymous upvoted “တော်ကီ”
5 days ago

View All