Define Gawdai

စကီ

အသက်အရွယ်ငယ်သော ရူပါကာအလွန်လန်းပြီး ခေတ်မှီသော မိန်းမငယ်လေးများကို ရည်ညွှန်းခြင်းဖြစ်သည်။

အဲ့စကီလေးနဲ့သာဆို ငရဲပြည်ဆင်းရ ဆင်းရကွာ။
7 years ago
{{slangs[47].share_count}}

ဘီးကျဲ

အသက်ရွယ်ကြီးသော ယောက်ျားအရင့်အမာကြီးတွေကို ရည်ညွှန်းခြင်းဖြစ်သည်။

ကလေးရယ် .. ကိုယ်က မင်းထင်သလို ဘီးကျဲကြီး မဟုတ်ပါဘူး။
7 years ago
{{slangs[46].share_count}}

ညောင်းတော့

86/87 လောက်ကခေတ်စား ခဲ့သောဒိုင်ဖြစ်ပြီး .. သွားလိုက်တော့။ ဒိုးလိုက်တို့လို့ ဆိုလိုသည်။

ဟေ့ကောင် ဒီနားမှာ ရစ်သီရစ်သီလာမလုပ်နဲ့။ ကိုယ့်နေရာကိုယ် ညောင်းလိုက်တော့။
7 years ago
{{slangs[45].share_count}}

အမိုက်မ

ရေလည်တောင့်တင်းချောမောလှပါသော ကောင်မလေးများ မနှုးမနပ်လေးများကိုဆိုလိုသည်။

ဒီအမိုက်မလေးကြောင့်ဆိုရင်တော့ ငါရူးလဲရူးကွာ။
7 years ago
{{slangs[44].share_count}}

ရှူရှောင်

ဘာမှမလုပ်ချင်သဖြင့် ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေသည်။

သားကြီးမင်း ဒီနေ့ရှူရှောင်တွေ များနေပြီနော် သတိလေးလည်းထားဦး။
7 years ago
{{slangs[43].share_count}}

လမိုင်းမကပ်

မည်သည့်အရာမှ လုပ်ရကိုင်ရတာ အဆင်မပြေဖြစ်သည်။

ဒီနေ့လုံးဝကို လမိုင်းမကပ်သေးဘူးကွာ...ဘာလုပ်လုပ်။ သားကြီး ဒီနေ့ဘာမှမလုပ်နှင့် လမိုင်းကပ်မှာ မဟုတ်ဘူး။
7 years ago
{{slangs[42].share_count}}

အာဝါဒါး

အတည်တကျမရှိ ရောချသည်။ အလုပ်အကိုင်မရှိ ရောရောရောင်ရောင်

အဲ့ကောင် လူကြားထဲ ဟောင်ဖွာ ဟောင်ဖွာနဲ့ အလကား အာဝါဒါးပါကွာ။ ဒီကောင် အာဝါဒါးပါ .. ချီးတွေချည်းလှိန့်ပေါက်နေတာ
7 years ago
{{slangs[41].share_count}}

ညှော်တယ်

နားပူနားစာလုပ်တယ်

အဲ့ဘဲကြီး ရေရေလည်လည် ညှော်တယ် သူ့အကြွေးပြန်မပေးသေးလို့တဲ့
7 years ago
{{slangs[40].share_count}}

နေလှန်းသည်

ချိန်းထားရင် အမြဲနောက်ကျပြီးမှ ရောက်တတ်သူ

ဒီကောင် ငါတို့ကို နေလှန်းတာ နာရီဝက်ကျော်သွားပြီကွာ
7 years ago
{{slangs[39].share_count}}

အာရကေ

(တရား၀င်ပေးခြင်း မဟုတ်သော) မုန့်ဖိုး။ အောက်ဆိုဒ်

ဒီကောင် ထောနေမှာပေါ့။ အာရကေတွေ မိထားတယ်လေ။
7 years ago
{{slangs[38].share_count}}

Happenings


Jeffreyglalk
is in the house.
1 hour ago
AnthonyWaync
is in the house.
20 hours ago
PornCak
is in the house.
23 hours ago
0kyanus8ahis
is in the house.
1 day ago
TerryRiz
is in the house.
1 day ago
EdwardPar
is in the house.
1 day ago
WifeCak
is in the house.
2 days ago

View All