Define Gawdai

ညှော်တယ်

နားပူနားစာလုပ်တယ်

အဲ့ဘဲကြီး ရေရေလည်လည် ညှော်တယ် သူ့အကြွေးပြန်မပေးသေးလို့တဲ့
10 years ago
{{slangs[40].share_count}}

နေလှန်းသည်

ချိန်းထားရင် အမြဲနောက်ကျပြီးမှ ရောက်တတ်သူ

ဒီကောင် ငါတို့ကို နေလှန်းတာ နာရီဝက်ကျော်သွားပြီကွာ
10 years ago
{{slangs[39].share_count}}

အာရကေ

(တရား၀င်ပေးခြင်း မဟုတ်သော) မုန့်ဖိုး။ အောက်ဆိုဒ်

ဒီကောင် ထောနေမှာပေါ့။ အာရကေတွေ မိထားတယ်လေ။
10 years ago
{{slangs[38].share_count}}

ဖလာကြိတ်

အခမဲ့စားသုံးသည်။ အခမဲ့ရယူသည်။

ဒီကောင် ငါ့ဆီက ဖလာကြိတ်တာ များပြီကွာ။
10 years ago
{{slangs[37].share_count}}

ကုလားကားရိုက်နေတယ်

ပေရှည်တယ် - ဇာတ်လမ်းရှည်နေသည်။ မပြီးစီးနိုင်ဖြစ်နေသည်။

ဟေ့ကောင် အခုထိ မင်းနဲ့ မင်းအရင်စော်က ကုလားကားရိုက်နေတုန်းလား။
10 years ago
{{slangs[36].share_count}}

တိုင်ပတ်

မပြီးစီးနိုင်ဖြစ်နေသည်။ စကားကြောရှည်နေသည်။

ဒီလောက်လွယ်တဲ့ ကိစ္စကို တိုင်ပတ်နေတယ်။
10 years ago
{{slangs[35].share_count}}

စဖွယ်

သနားစရာရုပ်ရည်

လကုန်ရင် စဖွယ်ရုပ်တွေဖစ်ကုန်တယ်။ မထင်ရဘူး စဖွယ်လေးနဲ့ လုပ်စားသွားတယ်။
10 years ago
{{slangs[34].share_count}}

ဇမ်းခတ်

ရောက်ယက်ခတ် နေခြင်းကိုခေါ်သည်

သားကြီးရာ ငြိမ်ငြိမ်နေပါ ဇမ်းတွေကိုခတ်နေတာပဲ ... မင်းကြည့်ရာတာ မျက်စိနောက်တယ်။
10 years ago
{{slangs[33].share_count}}

အချာပင်

အချဉ်ပါ

သူ့ကိုလျှော့မတွက်နဲ့ အချာပင် မဟုတ်ဘူး။ ငါ့ကို အချာပင် မှတ်နေလား
10 years ago
{{slangs[32].share_count}}

ဇေပဲ

ဇိမ်ကျခြင်း၊ အေးအေးဆေးဆေးရှိခြင်း၊ သက်တောင့်သက်သာ အပူအပင်ကင်းခြင်း။ စိုင်းထီးဆိုင် ပက်လက်ဖောင်းမင်းသား သီချင်းထဲတွင် ဘရာသာရေ ဇေပါတယ်ဟု သုံးစွဲဖူးသည်။

ဒီအချိန်ပင်လယ်ကမ်းခြေမှာ ဘီယာလေးသောက်ပြီး နှပ်လိုက်ရလို့ကတော့ ဇေပဲကွာ။
10 years ago
{{slangs[31].share_count}}

Happenings


LuckySpin
is in the house.
6 hours ago
PlayMasterX
is in the house.
13 hours ago
EntertainerX
is in the house.
13 hours ago
ReelReviewer
is in the house.
16 hours ago
aitunz.com
is in the house.
1 day ago
GameMaster77
is in the house.
1 day ago
SportJunkie91
is in the house.
1 day ago

View All