မန်ယူရှုံးသဖြင့် မန်ယူဖန်များပူလောင်နေသည်
စီးတီးခြောက်ဂိုးထည့်ပေးလိုက်တာ ဂိတ်မီးလောင်နေပြီဟေ့
အရည်အသွေးနိမ့်ပါးသော / အတုအယောင် ၊ လူရှုပ်လူပွေ / ဒုက္ခအိုး
ဒီနေ့ ဂျင်းကောင်မောင်နီ သူ၏တိုက်ကြေထားသော ကား ကို အသစ်ဈေးဖြင့် ဂျင်းထည့် ရောင်းလိုက်သည်။
သိန်းရာဂဏန်းကို တင်စား၍ အသုံးပြုခြင်းဖြစ်သည်။ ၁ ဂါလန် = သိန်း ၁၀၀
ဒီကားစုတ်ကို ၃ဂါလံ အော်တယ်ကွာ။ မှတ်တောင်ထားရဦးမယ်။
အပေအတေ၊ အလုပ်လက်မဲ့၊ ၁၀၉ / ၁၁၀ လူမျိုးကိုခေါ်သော အသုံးအနှုန်းဖြစ်သည်။
အဲ့ကောင်က ဂျလေဘီပါကွာ။ ထားလိုက်ပါ။
တကယ်ပဲကို မိန်းမလျာများ အများဆုံး အသုံးပြုသည့် အသုံးအနှုန်း။ နီနီခင်ဇော်၏ ဂယ်ပဲ ဂယ်ပဲ သီချင်းတွင်လည်း အသုံးပြုထားသည်။
သူလေ နွဲ့တယ်။ သူလေ ချွဲတယ်။ သူလေ ကဲတယ်။ ဂဲပယ် ဂဲပယ်။ (နီနီခင်ဇော် - ဂယ်ပဲ ဂယ်ပဲ)
ချစ်သူမိန်းကလေးကို ယောက်ျားလေး ဘော်ဒါတွေမှခေါ်ရာတွင် သုံးသောနာမ်စား
ဟာ ဟိုကောင်တွေ ငါတို့နဲ့ ကန်တင်းလာမထိုင်ပဲ ဂွဲသွားလုံးနေပြန်ပြီ