ရှုပ်ပွေသည့် သူတစ်ယောက်ယောက်ကို သူငယ်ချင်းတစ်ယောက်က အကြောင်းမသိသွားကြိုက်သည့်အခါ သတိပေးသည့်အနေဖြင့် အသုံးပြုသည်။
အဲ့ဒီ့တစ်ယောက်လား .. တစ်လက် နှစ်လက်လောက်တော့ သည်းခံရမယ်နော် ဟေ့ရောင်
အငန်းမရ မထိန်းနိုင်မသိမ်းနိုင် လုပ်ချင် /စားချင် /သွားချင် နေတယ်
ဟယျောင် … မင်း တော်တော် ဖြစ်နေတယ် ဟလား ???
ဝမ်းဆက်။ အားလုံး။
ပိုက်ဆံတွေက တစ်စင်လုံး စုတ်ပြတ်သတ်နေတာပဲ။ ကိုင်ရင် နူမှာတောင် ကြောက်ရတယ်။
ငွေရေးကြေးရေး ကြပ်တည်းနေသော အခါတွင်သုံးသည်။
သူငယ်ချင်း မင်းကို ပိုက်ဆံချေးဖို့နေနေသာသာ ငါက တစ်ယောက်တည်းတောင် ဟိုဘက်နည်းနည်းတိုး ဖြစ်နေတာကွ!
အဆင်ပြေသလို၊ အမြန် စီစဉ်ဆောင်ရွက်သည်။ ပြီးပြီးရော လုပ်သည်။
မင်းတို့ကောင်တွေကလည်းကွာ.. သေချာလေး အလုပ်လုပ်စမ်းပါဦး။ တစ်ခါလာလည်း တုန်ချွမ်တွေချည်းပဲ။
ကားသမားများက ဆိုင်ကယ်ကို ခေါ်သော ဘန်းစကား။ တိုက်တာနှင့် ရှော(သေ) လွယ်တတ်သည်ကို တင်စားသုံးနှုန်းထားခြင်း ဖြစ်သည်။
လျှော့ထားဆရာ။ ရှေ့မှာတိုက်ရှောတွေ ရှိတယ်။