မိန်းမအစစ်များကို မိန်းမလျာ(အခြောက်) များက ခိုင်းနှိုင်းသုံးစွဲသော စကားဖြစ်သည်။
ဟဲ့ ကမတွေ ဟို အစင်လေးက ဟို ငံပြာရည်မနဲ့ပါသွားပြီ။ ငါတို့တော့ ကွဲတာပဲ။ ဟဲ့ ဟို ငံပြာရည်မက မိတ်ကပ်ထူလပျစ်နဲ့ သူ့ကိုယ်သူ လှတယ် ထင်နေလားမသိပါဘူးအေ။
အူကြောင်ကြောင် နိုင်သော၊ စိတ်အနှောက်အရှိ ဖြစ်အောင်လုပ်သောသူ သူမျိုးကိုခေါ်ခြင်းဖြစ်သည်။
ဒီကောင် ငစားကွာ၊ အလုပ်များနေပါတယ်ဆိုမှ။
အသုံးမဝင်သည့်သူ၊ အများနှင့် အဆင်ပြေအောင်မနေတတ်သူ၊ လူမှုဆက်ဆံရေး မကောင်းသူ။
ထားလိုက်ပါကွာ၊ အဲ့ ငစနူ ကောင်ကို။ ဟာ ... အဲ့ကောင်က တကယ့် ငစနူ၊ မင်း သွားအဖတ်လုပ်မနေနဲ့။
ငုပ်မိ သဲတိုင် တက်နိုင်ဖျားရောက် စကားပုံအား ပြောင်ရင်းနောက်ရင်း ပြောရာမှ ဖြစ်ပေါ်
မင်း မလုပ်နိုင်ရင် နေခဲ့တော့ အားT ကိုယ်တွေက ငုပ်မိ သဲတိုင် တင့်နိုင်ထွန်းသိန်း ပဲ။
ဆိုက်ကားသမား။(မယဉ်ကျေးသော အသုံးအနှုန်း)
ဟိုနေ့က ကားနဲ့ငြိတာ ငဆိုက်တစ်ယောက် ရှောသွားတယ်တဲ့ ကွ။
ဂိမ်းဆော့ရာတွင် အသုံးမကျသောသူ
ဟိုကောင်က ငဝိန်ပါကွာ ကီးလဲမနိုင်ဘူး။ ကိုင်ထားတဲ့ဟီးရိုးမှ အားမနာ။
သိသိ မသိသိ သူများစကားဝိုင်းတွင် ဝင်ပါသည်။ သူများ Post တွင် ဝင်ရောသည်။
ဟရောင် ဘာမှသိတာလည်းမဟုတ်ဘဲနဲ့ ဝင်မငန်စမ်းနဲ့
အုတ်နီခဲ/ အုတ်ခဲကျိုး ရန်ဖြစ်လေ့ ဖြစ်ထ ရှိသော စရိုက်များ သုံးလေ့ ရှိသည်။
ဗလကြီးမို့လို့ ကြောက်မနေနဲ့ ငါ့ကောင်။ ငနီနဲ့သာ ထိအောင်ထု။