Define Gawdai

User Avatar

Min Min Kyaw

Total Gawdai: 13

BRT စီးနေတယ်

လုပ်သင့်လုပ်ထိုက်သည်ကို မလုပ်ဘဲ၊ ဟန်ရေးပြကာ အလုပ်လုပ်ချင်ယောင်ဆောင်ရင်း အချိန်ဖြုန်းနေသည်။ (Created by Kyaw Nyo Thway)

ဟာ ဒီဘဲကတော့ကွာ BRT ပဲအမြဲစီးနေတော့တာပဲ။ တကယ်လုပ်ရမယ့်ဟာကျတော့မလုပ်ဘဲ မဟုတ်တာလျှောက်လုပ်နေတယ်။ အခုတော့ ဘာမှမပြီးဘူး။
7 years ago
{{slangs[664].share_count}}

ဘောက်ချာစုတ်

ရန်ညှိုးရန်စ ရှိသောကြောင့် မကျေနပ်သဖြင့်စာရင်းပြန်ရှင်းသည်။

သားကြီး..ဟိုးမှာ တွေ့လား..တခေါက်က ငါတို့ကို ဘလိုင်းကြီးဖြဲသွားတဲ့ကောင်.. ဘောက်ချာစုတ်မယ် အဲ့ကောင်ကို!
7 years ago
{{slangs[657].share_count}}

ဇိုး

အရက်ဂျိုး၊ အရက်ကို ခင်မင်တွယ်တာလွန်းကြီးစွာ သောက်သောသူ။ တခါတရံ လူဆိုး၊ လူမိုက်၊ လူရမ်းကားများကို ခေါ်ဝေါ်သည့်အခါတွင်လည်း သုံးသည်။

ဒီအချိန်ဆို ဘုံဆိုင်မှာ ထိုင်ပြီး ရှက် တွတ် နေတာ ဇိုးတွေ ချည်းပဲကွ။
7 years ago
{{slangs[524].share_count}}

ပါချီပါချက်

အသေးအဖွဲ

မင်းလောက်ကတော့ ပါချီပါချက်လေးပါပဲကွာ
7 years ago
{{slangs[496].share_count}}

လင်းသိုက်ညွန့်

ဂဃနဏ သေချာမသိသော်လည်း သူတစ်ပါးအား ဆရာကြီးလုပ်လွန်းသည်

ဒီဘဲက ဒီကိစ္စမှာလည်း ပါလိုက်ရပြန်ပြီ လင်းသိုက်ညွန့် ဝင်ဝင်လုပ်နေတယ်
7 years ago
{{slangs[469].share_count}}