Define Gawdai

User Avatar

Min Min Kyaw

Total Gawdai: 13

ချိန်ပါ

ချိန်နေ၊ ကြိုက်နေသော ကောင်မလေး (သို့) ကောင်လေး တခြားသူအနောက် အမြဲပါပါသွားသည့်အခါတွင် သုံးသည်။ ပိုးဟပ် လို့လည်း သုံးကြသည်။

သားကြီး မင်းကြိုက်နေတဲ့စော် ဟိုကောင်နဲ့လစ်သွားပီ။ မင်းကတော့ ချိန်ပါကြီး ဖြစ်နေပါပြီကွာ။
8 years ago
{{slangs[190].share_count}}

ကျွတ်ကျဲ

ကြောက်လန့်ခြင်း။ သရဲဘောကြောင်ခြင်း။ သွေးမရှိခြင်း။

မင်းလုပ်တုန်းကလုပ်ပြီး အခုမှလာ ကျွတ်ကျဲ ပြမနေနဲ့။
8 years ago
{{slangs[164].share_count}}

အခွေထစ်

ကိစ္စတစ်ခု ကြန့်ကြာနေသည့်အခါမျိုးတွင် သုံးစွဲကြသည် ။

လကုန်လို့ သူများရုံးတွေ အကုန်လစာရနေကြပြီ ... ကိုယ်တွေ ရုံးပဲ အခွေထစ်နေတယ်
8 years ago
{{slangs[128].share_count}}

မော်စကို

ထောင်(jail)

မဟုတ်တာတော့ မလုပ်ပါရစေနဲ့ကွာ ... ကြွက်ဆွဲပြီး မော်စကို တော့မရောက်ချင်ဘူး ...
8 years ago
{{slangs[126].share_count}}

ကြွက်

ရဲ (police)

ကြွက်တွေ ဆိုင်ကယ်နဲ့ ဟိုဘက်ထွက်သွားတာ တွေ့လိုက်တယ် ..
8 years ago
{{slangs[125].share_count}}