Define Gawdai

User Avatar

Htun Lynn

Total Gawdai: 4

လွတ်စကွတ်

ပုံမှန် အသိစိတ်လွတ်၍ ကြောင်တောင်တောင်ဖြစ်နေသည်။ ပလပ်ကျွတ်သည်။ လူမှန်းသူမှန်း မသိမူးသည့်အခါတွင်လည်း သုံးသည်။

၁။ တစ်ညလုံး မအိပ်ဘဲ ဂိမ်းဆော့လိုက်တာ အခုမနက်ကျ လူက လွတ်စကွတ်တွေ ဖြစ်နေတယ်... ၂။ သူငယ်ချင်း ဖြစ်ရဲ့လား.. ဒီအရက်က အရမ်းပြင်းတယ်နော် လွတ်စကွတ်တွေ ဖြစ်သွားမယ် ... သိပ်မသောက်နဲ့
8 years ago
{{slangs[166].share_count}}

ဖုန်ထသည်

ပြသနာရှာသည်

အလုပ်မရှိ ဘေးနားလာပြီး ဖုန်ထသွားတာ စိတ်ကိုလေရောပဲ
8 years ago
{{slangs[165].share_count}}

ကျွတ်ကျဲ

ကြောက်လန့်ခြင်း။ သရဲဘောကြောင်ခြင်း။ သွေးမရှိခြင်း။

မင်းလုပ်တုန်းကလုပ်ပြီး အခုမှလာ ကျွတ်ကျဲ ပြမနေနဲ့။
8 years ago
{{slangs[164].share_count}}

လစ်

အူကြောင်ကြောင် စိတ်ကစဥ့်ကလျား စဉ်းစာဉာဏ် ပျောက်နေချိန်တွင် သုံးသည်

အဲ့ကောင် လစ်ပြီး လျှောက်ပြောနေပြီ
8 years ago
{{slangs[163].share_count}}

ပုံးဆွဲ/ပုံးရိုက်

ထမင်းစားသည်။

ပုံးဆွဲပြီး ဗုံးကြဲလိုက်ဦးမယ်။ အိမ်ပြန် ပုံးရိုက်ပြီးပြီ။
8 years ago
{{slangs[162].share_count}}