Define Gawdai

User Avatar

Htun Lynn

Total Gawdai: 4

ပြားကိုးဆယ်

ဦးနှောက် မမှန်သူ။ ကျပ်မပြည့်သူ။ အနည်းငယ်အူကြောင်ကြောင်နိုင်သူ။

သွားပြောမနေနဲ့ အဲ့ကောင် က ပြားကိုးဆယ်ကွ။
8 years ago
{{slangs[193].share_count}}

အာလူးဖုတ်

အကြောင်းအရာ အတည်တကျမရှိပဲ ရောက်တတ်ရာရာ စကားပြောခြင်း။ စကားများသည်။

မနေ့ညကတောင် လ္ဖက်ရည်ဆိုင်မှာ ဟိုကောင်တွေနဲ့ အာလူးဖုတ်နေတာ တွေ့လိုက်သေးတယ်။
8 years ago
{{slangs[192].share_count}}

စမာကလာ

ကြည့်ကျတ်လုပ်လိုက်သည် အခြေအနေတစ်ခုမြန်မြန်ဖြေရှင်းသည်/ ကျော်သည်

ဒီပုစ္ဆာ ဘယ်လို တွက် ရတာလဲမသိဘူး အေးဆေး ပါ ကွာ စမာကလာ လုပ်လိုက်
8 years ago
{{slangs[191].share_count}}

ချိန်ပါ

ချိန်နေ၊ ကြိုက်နေသော ကောင်မလေး (သို့) ကောင်လေး တခြားသူအနောက် အမြဲပါပါသွားသည့်အခါတွင် သုံးသည်။ ပိုးဟပ် လို့လည်း သုံးကြသည်။

သားကြီး မင်းကြိုက်နေတဲ့စော် ဟိုကောင်နဲ့လစ်သွားပီ။ မင်းကတော့ ချိန်ပါကြီး ဖြစ်နေပါပြီကွာ။
8 years ago
{{slangs[190].share_count}}

ပွတ်သဘင်

ပါတီပွဲ ကိုဆိုလိုသည် ကိုလိုနီခေတ်နှင့်လွတ်လပ်ရေး ရပြီးစ အချိန်များတွင်သုံးဆွဲခဲ့သည်။

ကိုသိန်းမောင်ရာ ညက ပွတ်သဘင် မှာတွေ့ခဲ့တဲ့ မဒီ လေးကတယ်နိပ်သဗျာ။
8 years ago
{{slangs[189].share_count}}