Total Gawdai: 7
ကားဝပ်ရှော့သမားတွေဆီမှလာသည်ဟု ယူဆရသည်။ အရက်သောက် မူးရူးပြီး ပေါက်ကရပြောဆိုလုပ်ဆောင်နေသည်တွင်ဖြစ်စေ၊ ဆေးချပြီးဖြစ်စေ၊ အလွတ်သဘော ဂေါက်နေစဉ်တွင်ဖြစ်စေ သုံးသည်။
မင်းကလဲ အဲ့ဘဲပြောတာတွေ သွားနားထောင်နေတယ်။ ဟိုက ပလပ်ကျွတ်နေတာကို။
ထမင်းစားဖို့အခွင့်အလမ်းပျောက်နေသည့်အခါတွင် သုံးသည်။ ရံဖန်ရံခါတွင် ပုန်းပျောက်သည်ဟုလည်းသုံးကြသည်။ ထောင်ထဲတွင် ပုံးဖြင့်ထမင်းလိုက်ထည့်ပေးရာမှ လာသောစကားဟုလည်းဆိုကြသည်။
လုပ်ကိုင်စားရတာ အဆင်မပြေပါဘူးကွာ။ ပုံးကြောင်နေတာကြာပြီ။