Define Gawdai

jtl

Total Gawdai: 0

ဂုန်းဆင်း

ကိုယ့်ဆီကတပြားသားမှထုတ်သုံးခြင်းမရှိပဲ ဘော်ဒါအပေါင်းအသင်းမိတ်ဆွေများဆီမှရရင်ရသလိုကပ်သုံးကပ်စားခြင်း

ဟေ့ရောင်တွေ ဝိတ်တာခေါ်ပြီး ကြိုရှင်းထားလိုက်တော့ဟေ့။ စားစရာရှိတာတွေလည်း ကုန်အောင်စားထားကြ။ ဟိုမှာ ဂုန်းဆင်းမယ့်ကောင် လာနေပြီ။
9 years ago
{{slangs[302].share_count}}

အော်ဆွေး

အော်ရေဂျီနယ် (original) အတိုင်း ဆွေးနေတာ၊ ဆွေးမြေ့သွားတာကို ဆိုလိုသည်။ ဆရာမင်းလူ၏ "အော်ဆွေး" စာအုပ်တွင်လည်း အနက်ကို ရှင်းပြထားပြီး အသုံးပြုထားသည်။

အရင်တုန်းက e-major queen လေ။ ပဲများနေတာနဲ့ အော်ဆွေးကြီး ဖြစ်သွားတာ။
9 years ago
{{slangs[259].share_count}}

ဇယား

ပြသနာ၊ အလုပ်ရှုပ်ခြင်း။

တိုင်ပတ်တယ်ကွာ။ တော်တော် ဇယား ရှုပ်တဲ့ကောင်။သူ့ ဇယားတွေချည်း လိုက်ရှင်းနေရတယ်။
9 years ago
{{slangs[208].share_count}}

လွေး

ထမင်း သို့မဟုတ် စားစရာ တစ်ခုခု ကိုစားသည်

ဗိုက်ဆာလာဘီကွာ သွား လွေး လိုက် အုံးမယ်
9 years ago
{{slangs[196].share_count}}

ပွတ်သဘင်

ပါတီပွဲ ကိုဆိုလိုသည် ကိုလိုနီခေတ်နှင့်လွတ်လပ်ရေး ရပြီးစ အချိန်များတွင်သုံးဆွဲခဲ့သည်။

ကိုသိန်းမောင်ရာ ညက ပွတ်သဘင် မှာတွေ့ခဲ့တဲ့ မဒီ လေးကတယ်နိပ်သဗျာ။
9 years ago
{{slangs[189].share_count}}