Define Gawdai

User Avatar

burmese big baller

Total Gawdai: 1

ခွေထစ်

ရှေ့မရောက်ပဲ ရပ်နေသည်။

မင်းဟာက ခွေထစ် နေပြီ
8 years ago
{{slangs[359].share_count}}

ခိုင်သင်းကြည်

မင်းသမီအကယ်ဒမီခိုင်သင်းကြည်၏ အကယ်ဒမီရdialog မှာဆင်းသက်လာသည်။ တစ်ခုခုတွင်မတရာခံရလျှင်/အလိုမကျလျှင် အားနှင့်မာန်နှင့်အသုံးပြုလေ့ရှိသည်။

ဝယ်တုန်းကတော့အာမခံတစ်နှစ်လို့ပြောပြီ အခုပျက်တော့မှပြန်မလဲပေးရအောင်နင်တို့ကဝယ်တဲ့သူတွေကိုခိုင်သင်းကြည်များမှတ်နေလား?
8 years ago
{{slangs[349].share_count}}

အောလီ

စိတ်ပျက်စရာကောင်းသည် (မိန်းမလျာများကြားအထူးရေပန်းစားသည့် slang ဖြစ်သည်)

သူဒီနေ့ဝတ်လာတဲ့ပုံစံက အောလီပါဟယ်
8 years ago
{{slangs[347].share_count}}

မှို (မှိုဆွဲသည်။ မှိုရှာသည်)

ကုန်းဆင်းသည်။ အချောင်၀င်ကြိတ်သည်။ ပိုက်ဆံမပေးပဲ free ၀င်အုပ်သည်။ (တောင်ကြီး slang)

ဟေ့ရောင် မင်းဆေးလိပ် အိပ်ထဲထည့်ထားလိုက်။ ဟိုကောင်လာနေပြီ။ ဒီကောင်အမြဲ မှိုဆွဲဖို့ ချောင်းနေတာ။
8 years ago
{{slangs[346].share_count}}

အိမ်သာကျင်းထုံးပတ်

နဂိုမဖြူသော မျက်နှာကို အတင်းဖြူအောင် ပြင်ဆင်ထားသူများ၊ လိုတာထက်ပို၍ ပြင်ဆင်သူများအား ကဲ့ရဲ့ပြောဆိုရာတွင် အသုံးပြုသည်။

နင် မိတ်ကပ် လိမ်းထားတာကလည်း အိမ်သာကျင်းထုံးပတ် ထားတဲ့အတိုင်းပဲ။
8 years ago
{{slangs[343].share_count}}