Define Gawdai

User Avatar

burmese big baller

Total Gawdai: 1

ဘောစိ

သူဌေး ။ ပိုက်ဆံသုံးနိုင်သူ ။ ရေလျှံ သူ

အေးဆေး စားရိတ်ငြိမ်းပဲ .. ဘောစိ တစ်ယောက်လုံးပါတယ် သူဒကာခံလိမ့်မယ်
8 years ago
{{slangs[322].share_count}}

အဂွမ်း

စုတ်ပြတ် သည်

သားကြီး မင်း ဆော် က ဂွမ်း လွန်းတယ် ကွာ
8 years ago
{{slangs[321].share_count}}

ဘယ်မှ မသွားမလာပဲ လက်ရှိရောက်ရှိနေသော နေရာတွင် အချိန်အကြာကြီးနေသည်။

နေပူလို့ အိမ်ထဲမှာပဲ ဥနေတာကြာပြီကွ
8 years ago
{{slangs[320].share_count}}

သံပုရာသီးလေး လိမ့်လာတယ်

အချဉ်၊ အူတူတူ အတတ၊ မနူးမနပ်များ ခွင်ထဲဝင်လာသည့်အခါ သုံးနှုန်းသည်။

၁။ ယောက်ဖ ဟိုမှာသံပုရာသီးလေးလိမ့်လာတယ် ခေါ်စားရအောင် ၂။ ပြောရင်တော့ဆရာကြီး လိမ့်လာတာ သံပုရာသီးလေး။
8 years ago
{{slangs[319].share_count}}

ရွှီရှောင်

လုပ်ငန်းအဆင်ပြေစေရန် စာရွက်စာတမ်း အတုလုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ အာရကီးပေးခြင်း၊ ပစ္စည်းအတုလုပ်ခြင်း စသော ကိုယ်နည်းကိုယ့်ဟန်ဖြင့် ကျော်ခြင်း၊ ခွခြင်းကိစ္စရပ်များတွင်သုံးသည်။ကားဝယ်ရောင်း များ စတင် အသုံးပြုသောစကားဟု ယူဆရသည်။

ဒီလောက်ကတော့ နဲနဲပါးပါး ရွှီရှောင် လုပ်လိုက်ရင် အိုခေမှာပါ။
8 years ago
{{slangs[317].share_count}}