Define Gawdai

User Avatar

Myo Thet

Total Gawdai: 0

SKB

SKB ကို ဆော်ကြည်ဘဲ ဟု တွင်ကျယ်စွာ သုံးသော်လည်း အခြား အဓိပ္ပာယ်များရှိ၏ ဆော်ချဉ်ဘဲ ဆော်ချူဘဲ ဆော်ကျူဘဲ ဆော်ကြောက်ဘဲ

ဆော်ကြည်ဘဲဟု မြှောက်ပြောသလိုနှင့် အခြား အဓိပ္ပာယ်ဖြင့် စိတ်ရှိလက်ရှိ အောက်ရိုက်ချသောနေရာတွင်သုံးသည် ပြောလည်း ပြောရ အပြောခံသူလည်း ကျေနပ်စေသော အသုံးအနှုန်းဖြစ်သည်
9 years ago
{{slangs[528].share_count}}

အား T

ဘော်ဒါ (အထီး)။ Singer Tharr Sis စတင်သုံးစွဲရာမှ ဆင်းသက်လာသည်။

ဖွဘုတ်အပေါ်တွေမှာ ငါမရယ်ချင်ဘူး အား T ရာ။
9 years ago
{{slangs[287].share_count}}

တစ်ပတ်မပြည့်

ပါးနပ်ဟန်ရှိသော်လည်း အမှန်တွင် နုံအသည်။ လည်မလိုနှင့် အသည်။

အဲ့ကောင်က လည်မလိုနဲ့ တစ်ပတ်မပြည့်ဘူး။ မနက်ဖြန် ဘုန်းကြီးကျောင်းသွားပြီး ပန်ကာလှူခဲ့ သားကြီး။ ဘဝဆက်တိုင်း တစ်ပတ်ပြည့်အောင်။
9 years ago
{{slangs[271].share_count}}

လိုင်

Like/လိုက်၏ အခြားသော အသုံးအနှုန်း

မင်းပုံကို ငါ လိုင်ပေးခဲ့တယ်နော်
9 years ago
{{slangs[114].share_count}}

ဒစ်လည်

၁။ စက်သီးတွင်ပါဝင်သော အထစ်ကလေးများသည် သူ့နေရာနှင့်သူ မရှိဘဲ ချော်နေသကဲ့သို့ ကိစ္စတစ်ခုခုအား မည်မျှပင် ရှင်းပြနေစေကာမူ သဘောမပေါက်သော အခါတွင် သုံးသည်။ ၂။ သာမန်ထက်ပို၍ ပြိုင်းနေသော အခါများတွင် သုံးသည်။

၁။ သားကြီးရာ မင်းကို ရှင်းပြရတာ စောက်ရမ်း ဒစ်လည်တယ်ကွာ။ ၂။ သားကြီးရေ ညက နည်းနည်းများသွားတာ အခုထိ ဒစ်လည်နေတုန်းပဲ။
9 years ago
{{slangs[108].share_count}}