Define Gawdai

Emily

Total Gawdai: 0

ဟင်းချိုမှုန့်စားလား

ဟင်းချိုမှုန့်များများစားရင် ဦးနှောက်ဖွံ့ဖြိုးမှု နည်းသည်။ ဉာဏ်မရှိတာကို ဆိုလိုခြင်း ဖြစ်သည်။

ဥပမာ လူတစ်ယောက်အလုပ်လုပ်နေတာ၊ ပြောနေတာ လွဲနေတယ်။ ဒါကို ခင်ဗျား ဟင်းချိုမှုန့်စားလား။
8 years ago
{{slangs[710].share_count}}

ဂါလန်

သိန်းရာဂဏန်းကို တင်စား၍ အသုံးပြုခြင်းဖြစ်သည်။ ၁ ဂါလန် = သိန်း ၁၀၀

ဒီကားစုတ်ကို ၃ဂါလံ အော်တယ်ကွာ။ မှတ်တောင်ထားရဦးမယ်။
8 years ago
{{slangs[708].share_count}}

ဦးသာကြီး

ကိုယ့်ဘက်ကိုပဲအမြဲအသာလိုချင်ပြီး တစ်ခြားလူဘက်ကို မကြည့်တဲ့လူကိုဆိုလိုပါတယ်။ တောရွာတွေမှာ အများသုံးဆွဲတဲ့စကားလုံး ဖြစ်ပါတယ်။

ဦးသာကြီးကလည်း သာလွန်းတယ် .. တော်ရုံပဲကောင်းပါတယ်။
8 years ago
{{slangs[705].share_count}}

နိုင်ငံတော်ကား

ကင်မရာကောင်းကောင်းဖြင့် ရိုက်ကူး၍ ဆိုရှယ်မီဒီယာပေါ်တွင် လွှင့်တင်သာ ချစ်သူစုံတွဲပုံ (သို့) သူတို့၏အချစ်ကို ဖော်ကျူးသောပုံ။

အာဏာရှင်စနစ်ကျင့်သုံးမှာ သေချာမှ နိုင်ငံတော်ကား ရိုက်နော်။ နိုင်ငံတော်ကားပေါက်ပြီးမှ နောက်တစ်ယောက်ပြောင်းချင်ရင် နားကားနေမယ်။
8 years ago
{{slangs[703].share_count}}

နွယ်

အတင်းရောသည်။ ပူးကပ်သည်။ နွယ်ပင်၏ ရစ်ပတ်သော သဘောသဘာဝကို အခြေခံပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။

သားကြီး .. မင်းသွားနွယ်နေတာ ဇယားတွေ။
9 years ago
{{slangs[698].share_count}}