Define Gawdai

User Avatar

Wai Yan Phyoe

Total Gawdai: 0

ပိဋကတ်အိုးကွဲ

ပညာရပ်တစ်ခုကို အဟုတ်အမှန်မတတ်ပဲ တတ်ချင်ယာင်ဆောင်သောသူများကို သရော်သည့်အခါသုံးသည်။ ပိဋကတ်အိုး၏ ဆန့်ကျင်ဖက် အသုံးအနှုန်းဖြစ်သည်။

မင်းသား ပိဋကတ်အိုးကွဲ သူ့အဒေါ်အပျိုကြီးတွေကို သွားအာနေပြန်ပြီ။
8 years ago
{{slangs[727].share_count}}

ကြေးအိုးပွဲသေး

ကြေးအိုးမှာရာတွင် ပွဲသေးဖြစ်ပါက ဝက်ဦးနှောက် ပါလေ့မရှိချေ။ ထိုကြောင့် ဉာဏ်ပုသော ၊ ဉာဏ်တိမ်သော ၊ ပိန်းသော၊ တနည်းအားဖြင့် ဦးနှောက်မရှိ သော လူပုဂ္ဂိုလ်မျိုးကို ရည်ညွန်း ခြင်းဖြစ်သည်။

ကြေးအိုးပွဲသေး ကြိုက်လို့ကတော့ ခုနေ ကိုယ်တွေ ရည်းစားရနေလောက်ပြီ (တစ်ယောက်တည်း မဟုတ်ဘူး၊ လေး ငါးယောက်လောက် )
8 years ago
{{slangs[684].share_count}}

လင်းသိုက်ညွန့်

ဂဃနဏ သေချာမသိသော်လည်း သူတစ်ပါးအား ဆရာကြီးလုပ်လွန်းသည်

ဒီဘဲက ဒီကိစ္စမှာလည်း ပါလိုက်ရပြန်ပြီ လင်းသိုက်ညွန့် ဝင်ဝင်လုပ်နေတယ်
9 years ago
{{slangs[469].share_count}}

ခိုင်သင်းကြည်

မင်းသမီအကယ်ဒမီခိုင်သင်းကြည်၏ အကယ်ဒမီရdialog မှာဆင်းသက်လာသည်။ တစ်ခုခုတွင်မတရာခံရလျှင်/အလိုမကျလျှင် အားနှင့်မာန်နှင့်အသုံးပြုလေ့ရှိသည်။

ဝယ်တုန်းကတော့အာမခံတစ်နှစ်လို့ပြောပြီ အခုပျက်တော့မှပြန်မလဲပေးရအောင်နင်တို့ကဝယ်တဲ့သူတွေကိုခိုင်သင်းကြည်များမှတ်နေလား?
9 years ago
{{slangs[349].share_count}}