Define Gawdai

User Avatar

Ye Zaw

Total Gawdai: 0

ဂယောင်ဖတ်

ဂနာမငြိမ်ဖြစ်သည်။ ကတုန်ကယင်ဖြစ်သည်။

အေးဆေးနေပါကွာ.....ဂယောင်ဖတ်မနေစမ်းပါနဲ့
8 years ago
{{slangs[181].share_count}}

ဒူ

တော်ရုံသဘောပေါက်မလွဲ။ တုံးအ။ အူကြောင်ကြောင်နိုင်။

မင်းကတော့ ဒူပကွာ။ ဟိုက မင်းကို ဒီလောက် အထာပေးနေတာကို။
8 years ago
{{slangs[173].share_count}}

နေလှန်း

တစ်စုံတစ်ဦးက သွားချင်ရာသွားပြီး မိမိကို စောင့်ခိုင်းနေခြင်းဖြစ်သည်။ ငါးခြောက် ထမင်းကြမ်း အစရှိသည်တို့ကို နေလှန်း ထားသည့် သဘောနှင့် တူတူ ပင်ဖြစ်သည်။

သားကြီး မင်း ၄ နာရီ အရောက်လာခဲ့မယ်ဆို။ အခုပဲ ၆ နာရီထိုးတော့မယ်။ ရေလည် နေလှန်းတယ်ကွာ။
8 years ago
{{slangs[168].share_count}}

ကျွတ်ကျဲ

ကြောက်လန့်ခြင်း။ သရဲဘောကြောင်ခြင်း။ သွေးမရှိခြင်း။

မင်းလုပ်တုန်းကလုပ်ပြီး အခုမှလာ ကျွတ်ကျဲ ပြမနေနဲ့။
8 years ago
{{slangs[164].share_count}}

အဇန်း

အထူးအဆန်းအစား သုံးသောစကားလုံးဖြစ်သည်

ဟာ အဇန်း ကြီးတွေပါ့လား
8 years ago
{{slangs[157].share_count}}