Define Gawdai

User Avatar

Oaker Ok

Total Gawdai: 0

မူလကီဂျုလကီ

ပုံမလာသော။ စုတ်ပြတ်နေသော

အဲ့ကောင်က မူလကီဂျုလကီကောင်ပါကွာ။ လွှတ်ထားလိုက်
8 years ago
{{slangs[382].share_count}}

အုန်းတယ်

ခေါင်းစားခြင်းကို ဆိုလိုသည်။

မင်းဟာကြီးကလည်း စွန်းအုန်းတယ်
8 years ago
{{slangs[381].share_count}}

မှတ်ပုံတင်

ထိုးကျိပ်ခံရသည့်အတွက် မျက်နှာပေါ်တွင် ညိုမဲစွဲ ကျန်ခဲ့သည့် ဒဏ်ရာကို တင်စားရာတွင် အသုံးပြုသည်။

မောင်မောင် မင်း မျက်နှာမှာ မှတ်ပုံတင်သွားတာ ဘယ်ကောင်လည်း။
8 years ago
{{slangs[380].share_count}}

ပိန်း

အသုံးမကျ။ အသည်။ ထုံထိုင်းသည်။

ဒါနဲ့များ မင်းကိုမင်း gamer တဲ့ကွာ။ ပိန်းလွန်းပါတယ်။
8 years ago
{{slangs[379].share_count}}

၁၀၉/၁၁၀

အလုပ်အကိုင်မရှိ လေလွင့်လူငယ်တို့အား အရေးယူသည့် ပုဒ်မအား အလုပ်မရှိဟု သွယ်ဝိုက်အသုံးပြုသည်။

ဟေ့ကောင် မင်း အခုဘာလုပ်နေလဲ မရှိပါဘူးကွာ အခုလောလောဆယ် ၁၀၉/၁၁၀ ပေါ့
8 years ago
{{slangs[378].share_count}}