Define Gawdai

User Avatar

Minthan Tun

Total Gawdai: 0

ဂူဂူဂါဂါ

ကျပီး ပင်ပန်းပီး စိတ်တို စိတ်အိုက် အရှိန်ကျနေပီ ပြောတာတမျိုးလုပ်တာတမျိုးဖြစ်လာပီ

သားကြီး မင်း ဂူဂူဂါဂါဖြစ်နေပီ ပြန်နားလိုက်တော့
8 years ago
{{slangs[391].share_count}}

ဂွမ်း

ပုံပျက်ပန်းပျက် ဖြစ်သည်

မင်းပုံစံက တော်တော်ဂွမ်းတာပဲ
8 years ago
{{slangs[388].share_count}}

Fine

အင်္ဂလိပ်စကားလုံး၏ အဓိပ္ပာယ်နှင့်အတူတူဖြစ်ပြီး ၀တ်စားဆင်ယင်မှု အရင်ကနှင့်မတူညီပဲ ထူးခြားနေမှုအပေါ် ချီးမွန်းချင်သည့်အခါတွင် သုံးသည်။

သားကြီး မင်းဒီနေ့ Fine တယ်ကွာ
8 years ago
{{slangs[367].share_count}}

ခိုင်သင်းကြည်

မင်းသမီအကယ်ဒမီခိုင်သင်းကြည်၏ အကယ်ဒမီရdialog မှာဆင်းသက်လာသည်။ တစ်ခုခုတွင်မတရာခံရလျှင်/အလိုမကျလျှင် အားနှင့်မာန်နှင့်အသုံးပြုလေ့ရှိသည်။

ဝယ်တုန်းကတော့အာမခံတစ်နှစ်လို့ပြောပြီ အခုပျက်တော့မှပြန်မလဲပေးရအောင်နင်တို့ကဝယ်တဲ့သူတွေကိုခိုင်သင်းကြည်များမှတ်နေလား?
8 years ago
{{slangs[349].share_count}}

အိမ်သာကျင်းထုံးပတ်

နဂိုမဖြူသော မျက်နှာကို အတင်းဖြူအောင် ပြင်ဆင်ထားသူများ၊ လိုတာထက်ပို၍ ပြင်ဆင်သူများအား ကဲ့ရဲ့ပြောဆိုရာတွင် အသုံးပြုသည်။

နင် မိတ်ကပ် လိမ်းထားတာကလည်း အိမ်သာကျင်းထုံးပတ် ထားတဲ့အတိုင်းပဲ။
8 years ago
{{slangs[343].share_count}}