Define Gawdai

နွဲ့

ကလေး

ငါတို့ရပ်ကွက်က နွဲ့တွေ ကမြင်းတာ မျောက်ရှုံးတယ်
8 years ago
{{slangs[720].share_count}}

ဒွန့်

ကသည်

အသံကြားသည်ဖြင့် ကချင်စိတ်ဖြစ်ပေါ်သည် ။
9 years ago
{{slangs[718].share_count}}

ပြဲသည်

ဂျပန်ရောက် ဗမာများ အသုံးများသည် အလုပ်ရှုပ်သည် ပင်ပန်းသည် အစရှိသည့်နေရာများတွင် သုံးသည်

ဟဲ့ကောင်မ ဒီနေ့ပြဲလား တော်တော်ပြဲတယ်ကောင်မရေ ဒီနေ့သောကြာနေ့လေ ဂျပန်လခစား သမားတော်တော်များများက စနေတနင်္ဂနွေ ပိတ်တော့ သောကြာနေ့သောက်တာများတယ် ဂငယ်ရောက်ဗမာတော်တော်များများ ကလည်း အရက်ဆိုင်မှာ နေရာစုံတော်တော်များများ လုပ်ဖူးကြတော့ သောကြာကတော့ပြဲကြတယ်
9 years ago
{{slangs[717].share_count}}

ခြေထောက်

သွားစရာ လာစရာ ကား

ခြေထောက်လေးရှိရင်ကောင်းမယ်ကွာ ~ ဘယ်သွားသွားအဆင်ပြေတာပေါ့
9 years ago
{{slangs[715].share_count}}

ပတ်ထိန်း

မိန်းကလေးများစွာနှင့် ခင်မင်ပြီး ရည်စားလည်းမဟုတ် ဘာမှလည်းမဟုတ် လူထင်ကြီးအောင် နေတတ်သောသူကိုခေါ်သည်။

ဟေ့ရောင် .. မင်းသူငယ်ချင်းမလေးတွေနဲ့ မိတ်ဆက်ပေးလေ။ မင်းက ပတ်ထိန်းလုပ်မနေနဲ့။
9 years ago
{{slangs[714].share_count}}

ပေါ်ပေါ်

ကား၊ မော်တော်ယဉ်။

ကြာသလားလို့ သားကြီးရာ .. ပေါ်ပေါ်လည်း အားနေတာနဲ့အတော်ပဲ၊ ဒိုးကြတာပေါ့။
9 years ago
{{slangs[713].share_count}}

တစ်လက်နှစ်လက်တော့သည်းခံ

ရှုပ်ပွေသည့် သူတစ်ယောက်ယောက်ကို သူငယ်ချင်းတစ်ယောက်က အကြောင်းမသိသွားကြိုက်သည့်အခါ သတိပေးသည့်အနေဖြင့် အသုံးပြုသည်။

အဲ့ဒီ့တစ်ယောက်လား .. တစ်လက် နှစ်လက်လောက်တော့ သည်းခံရမယ်နော် ဟေ့ရောင်
9 years ago
{{slangs[712].share_count}}

ဖွာဖွာ

ဆေးလိပ်သောက်ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ဆေးလိပ်ဖွာသည်မှ ဆင်းသက်လာသည်။ ဆေးလိပ်ကို တင်စားသည့်အခါတွင်လည်း အသုံးပြုသည်။

ဖွာဖွာလေး သွားဆွဲရအောင်။ ဖွာဖွာချိန်ရောက်ပြီ၊ ဖွာဖွာသွားဆွဲမယ်။
9 years ago
{{slangs[711].share_count}}

ဟင်းချိုမှုန့်စားလား

ဟင်းချိုမှုန့်များများစားရင် ဦးနှောက်ဖွံ့ဖြိုးမှု နည်းသည်။ ဉာဏ်မရှိတာကို ဆိုလိုခြင်း ဖြစ်သည်။

ဥပမာ လူတစ်ယောက်အလုပ်လုပ်နေတာ၊ ပြောနေတာ လွဲနေတယ်။ ဒါကို ခင်ဗျား ဟင်းချိုမှုန့်စားလား။
9 years ago
{{slangs[710].share_count}}

နှဲကပ်

ပူညံ ပူညံလုပ်သည်။ နားငြီးသည်။ အဆူခံရသည်။ (နှဲမှာရှိတဲ့ လျှာခင်လေးကပ်နေရင် အလွန်ဆိုးသောအသံထွက်သည်)

သားကြီး အလုပ်ကို သေချာလုပ်၊ မဟုတ်ရင် ဆရာသမားက နှဲကပ်လိမ့်မယ်။
9 years ago
{{slangs[709].share_count}}

Happenings


SwhegrGype
is in the house.
13 hours ago
StreamLife
is in the house.
20 hours ago
EntertainMeNow
is in the house.
20 hours ago
SlotKing23
is in the house.
20 hours ago
CasinoFan91
is in the house.
20 hours ago
SlotLover23
is in the house.
20 hours ago
Anonymous upvoted “လှကျော်”
1 day ago

View All