Define Gawdai

ဂါလန်

သိန်းရာဂဏန်းကို တင်စား၍ အသုံးပြုခြင်းဖြစ်သည်။ ၁ ဂါလန် = သိန်း ၁၀၀

ဒီကားစုတ်ကို ၃ဂါလံ အော်တယ်ကွာ။ မှတ်တောင်ထားရဦးမယ်။
9 years ago
{{slangs[708].share_count}}

ကိုသဲမောင်

ချစ်သူနှင့် ဖုန်းပြောသည့်အခါ "ကို" , "သဲ" , "မောင်" စသည့် အခေါ်အဝေါ်များသုံး၍ ပြောလေ့ရှိတတ်သည့် အမျိုးသားများအား စ၊ နောက် သည့်အနေဖြင့် ခေါ်ဝေါ်သည်။

ဗျို့ "ကိုသဲမောင်" ဆော် က ဘာတဲ့လဲ ဗျ??? ခု ပြန်လာတဲ့လား ???
9 years ago
{{slangs[707].share_count}}

တော်တော်ဖြစ် နေတယ်

အငန်းမရ မထိန်းနိုင်မသိမ်းနိုင် လုပ်ချင် /စားချင် /သွားချင် နေတယ်

ဟယျောင် … မင်း တော်တော် ဖြစ်နေတယ် ဟလား ???
9 years ago
{{slangs[706].share_count}}

ဦးသာကြီး

ကိုယ့်ဘက်ကိုပဲအမြဲအသာလိုချင်ပြီး တစ်ခြားလူဘက်ကို မကြည့်တဲ့လူကိုဆိုလိုပါတယ်။ တောရွာတွေမှာ အများသုံးဆွဲတဲ့စကားလုံး ဖြစ်ပါတယ်။

ဦးသာကြီးကလည်း သာလွန်းတယ် .. တော်ရုံပဲကောင်းပါတယ်။
9 years ago
{{slangs[705].share_count}}

အူရိုင်း

မယဉ်သေးသော အရိုင်း။ အငန့်။ အကင်း။ အသစ်။ နယ်ပယ်သစ်ခုတွင် အခုမှ အခြချသောသူ။ အရက်ဝိုင်းတွင် အသုံးများသည်။

၁။ သားကြီး သောက်တာလည်း ကြည့်ကျက်ပြီးသောက် ၊ မင်းက အူရိုင်း၊ ပြီးရင် ဆန်ပြုတ်တွေဝေမယ်။ ၂။ အူရိုင်းလေးဆိုပြီး အကဲသွားသွား မစမ်းစမ်းပါနဲ့ကွာ။
9 years ago
{{slangs[704].share_count}}

နိုင်ငံတော်ကား

ကင်မရာကောင်းကောင်းဖြင့် ရိုက်ကူး၍ ဆိုရှယ်မီဒီယာပေါ်တွင် လွှင့်တင်သာ ချစ်သူစုံတွဲပုံ (သို့) သူတို့၏အချစ်ကို ဖော်ကျူးသောပုံ။

အာဏာရှင်စနစ်ကျင့်သုံးမှာ သေချာမှ နိုင်ငံတော်ကား ရိုက်နော်။ နိုင်ငံတော်ကားပေါက်ပြီးမှ နောက်တစ်ယောက်ပြောင်းချင်ရင် နားကားနေမယ်။
9 years ago
{{slangs[703].share_count}}

စမောလေး

အငယ်အနှောင်း၊ အငယ်လေး။ အသက်အရွယ်ကြီးရင့်သောသူများ ကိုယ့်ထက် အသက်ငယ်သောသူများနှင့် တွဲကြသောအခါ အသုံးပြုသည်။ အင်္ဂလိပ် စကားလုံး small မှ ဆင်းသက်လာခြင်းဖြစ်သည်။

ဟို ဘိုးတော်က အာရကေ ဘယ်လောက်ထောလဲတော့ မသိဘူး၊ အမြဲတမ်း စမောလေးတွေ တစ်သိုက်နဲ့။
9 years ago
{{slangs[699].share_count}}

နွယ်

အတင်းရောသည်။ ပူးကပ်သည်။ နွယ်ပင်၏ ရစ်ပတ်သော သဘောသဘာဝကို အခြေခံပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။

သားကြီး .. မင်းသွားနွယ်နေတာ ဇယားတွေ။
9 years ago
{{slangs[698].share_count}}

စောမြသန္ဒာ

စောက်ပြသနာ

လူကြားထဲ စောက်ပြသနာပဲကွာလို့မသုံးချင်ရင် စောမြသန္ဒာပဲကွာလို့ပြောသည်
9 years ago
{{slangs[697].share_count}}

ရေမီးအစုံ

၁။ အားလုံး အပြည့်အစုံ။ လိုလေးသေး မရှိ။

သားကြီး .. ဒီမှာ မင်းကြိုက်တာတွေကြီး .. ရေမီးအစုံ လေထီးခုန်ယုံပဲ။
9 years ago
{{slangs[696].share_count}}

Happenings


SwhegrGype
is in the house.
13 hours ago
StreamLife
is in the house.
19 hours ago
EntertainMeNow
is in the house.
19 hours ago
SlotKing23
is in the house.
19 hours ago
CasinoFan91
is in the house.
20 hours ago
SlotLover23
is in the house.
20 hours ago
Anonymous upvoted “လှကျော်”
1 day ago

View All