Define Gawdai

ပလုတ်တုတ်ခေါက်

ဒုက္ခရောက်နေသည့် အချိန်အခါမျိုးတွင် ခေါင်းတွင်တွင်ရမ်းကာ မဟုတ်ဘူး မရဘူး မဖြစ်သေးဘူး စသည်ဖြင့် အဆက်မပြတ် ရေရွတ်ညည်းတွားနေရသော အခြေအနေမျိုးအတွက် ကိုယ်စားပြုကာ သုံးနှုန်းလေ့ရှိသည်။

အလုပ်ထဲမှာ အရှုပ်တွေမွှေပြီး ပလုတ်တုတ်ခေါက်နေတယ်။
7 years ago
{{slangs[120].share_count}}

တပ်ပျက်

ပလပ်ကျွတ်နေသည်။ အလွန်မူးပြဲနေသည်။ ဖရိုဖရဲ ဖြစ်နေသည်။

၂လုံးပဲသောက်ရသေးတယ် သားကြီးရေ ... ငါတော့ တပ်ပျက်နေပြီ ဟ... :3
7 years ago
{{slangs[119].share_count}}

ရေကြီးနေတယ်

အခက်အခဲများစွာ ဖြစ်နေခြင်းကို ဆိုလိုသည်။

သူများတွေလုပ်သွားတာ အားလုံးအေးဆေးပါပဲကွာ... ဒီကောင့်အလှည့်ကျမှ တစ်ယောက်ထဲ ရေကြီးနေတယ်။
7 years ago
{{slangs[118].share_count}}

အိုင်းစ်

တစ်စုံတစ်ခုကြောင့် ရုတ်တစ်ရက်ဝမ်းသာသည့်အခါထွက်ပေါ်လာသော အာမေဋိတ်သံ

အိုင်းစ် !! သူကငါ့ကို ချောတယ်တဲ့လား
7 years ago
{{slangs[116].share_count}}

ဆင်

ချောသည်။ ခန့်သည်။ သားနားသည်။ (GAY သုံးစကား)

မနေ့ကပြောင်းလာတဲ့ကောင်လေးတွေ အရမ်း ဆင် တယ်နော်။
7 years ago
{{slangs[115].share_count}}

လိုင်

Like/လိုက်၏ အခြားသော အသုံးအနှုန်း

မင်းပုံကို ငါ လိုင်ပေးခဲ့တယ်နော်
7 years ago
{{slangs[114].share_count}}

ဒိုင်လျှို

လူမသိအောင်လုပ်သည်။ တိတ်တဆိတ် လုပ်ဆောင်သည်။

အဲ့ဘဲက ဟိုစော်ကို ဒိုင်လျှိုလေး ကြောင်နေတာလေ
7 years ago
{{slangs[111].share_count}}

ဆယ်လီ/ဆီလီ

Celebrity ကို မြန်မာမှုပြုထားခြင်းဖြစ်သည်။ Social Media ပေါ်တွင် လူသိများသောသူများကို ခေါ်ဆိုရာတွင် သုံးသည်။

အဲ့စော်က ဆယ်လီ ဖြစ်ပြီးကတည်းက ရေလည်တွေ ချေနေတာ
7 years ago
{{slangs[110].share_count}}

ဂွဲလန်

မြစ်ရေစီးထဲတွင် ဖောင်သမားများ ဂွဲ(သစ်ချောင်း)ကို ကြိုးတုတ်ပြီး ဖောင်နားနေခိုက် ဂွဲက ရေစီးအရှိန်ကြောင့် လန်ကျသည်။ ၀ရုန်းသုန်းကားဖြစ်သည်။

ဒီကလေး ငိုတာတော့ တအိမ်လုံးကို ဂွဲလန်နေတာပဲ
7 years ago
{{slangs[109].share_count}}

ဒစ်လည်

၁။ စက်သီးတွင်ပါဝင်သော အထစ်ကလေးများသည် သူ့နေရာနှင့်သူ မရှိဘဲ ချော်နေသကဲ့သို့ ကိစ္စတစ်ခုခုအား မည်မျှပင် ရှင်းပြနေစေကာမူ သဘောမပေါက်သော အခါတွင် သုံးသည်။ ၂။ သာမန်ထက်ပို၍ ပြိုင်းနေသော အခါများတွင် သုံးသည်။

၁။ သားကြီးရာ မင်းကို ရှင်းပြရတာ စောက်ရမ်း ဒစ်လည်တယ်ကွာ။ ၂။ သားကြီးရေ ညက နည်းနည်းများသွားတာ အခုထိ ဒစ်လည်နေတုန်းပဲ။
7 years ago
{{slangs[108].share_count}}

Happenings


Robertwex
is in the house.
26 minutes ago
best real money poker sites usa
is in the house.
1 day ago
ytmp3music
is in the house.
1 day ago
Jameserype
is in the house.
4 days ago
Anonymous upvoted “ပါချီပါချက်”
4 days ago
gobetsoft
is in the house.
5 days ago
Anonymous upvoted “တော်ကီ”
5 days ago

View All