လက်ရှိနေရာမှ နောက်တနေရာသို့ သွားကြမည့်အခါ သုံးသည်။
သားကြီး ရွေ့ကြမယ်ကွာ။ ဒီမှာထိုင်ရတာ ပျင်းလာပြီ။
ဆံပင်ညှပ်သည်၊ ဆံပင်ပုံစံ ပြောင်းသည်။
(၁) သားကြီး မင်းခေါင်မိုးသွားလဲရင် သံချောင်းလေးဘာလေးခေါက်ဦး။ (၂) အဟ ခေါင်မိုးတွေဘာတွေလဲထားလို့ပါလား။
ဆံပင်ပုံစံ အသစ်။ လတ်တလော ဖီးညှပ် ပြင်ဆင်ထားသော ဆံပင်ပုံစံ။
ဟာ ဟေ့ရောင် သားကြီး၊ သဲကြိုးလဲ ထားပါလားကွ။ မင်း သဲကြိုးလဲ ထားတာကလဲ မဂေါ်ပါဘူးကွာ။
အုတ်နီခဲ/ အုတ်ခဲကျိုး ရန်ဖြစ်လေ့ ဖြစ်ထ ရှိသော စရိုက်များ သုံးလေ့ ရှိသည်။
ဗလကြီးမို့လို့ ကြောက်မနေနဲ့ ငါ့ကောင်။ ငနီနဲ့သာ ထိအောင်ထု။
မျက်နှာပြောင်သည်။ မခံထိ မခံသာအောင် သိသိသာသာဖြစ်စေ မသိမသာ ဖြစ်စေ စ, နောက်သည်။
ဟေ့ကောင် ဟိုဘဲတော့ စောက်တလွဲ လုပ်နေပြန်ပြီ။ သွား ခွီရအောင်။ မင်း အခွီ postကြီး ကြည့်ပြီး စော်လေးက blockသွားပြီ။
စကားအရာဖြင့် အချက်ကျကျ ပြောဆိုကာ ပြန်လည်တုံ့ပြန်သည်
မင်း မသိဘဲ သွားမရွှီးနဲ့။ အဲ့ဘဲ ပြန်ဖြဲလိုက်မှ ဂန့်နေဦးမယ်။