Define Gawdai

မချေရာ

ကြောင်တောင်တောင်နိုင်သော ခပ်ညံ့ညံ့ကောင်

ဒီကောင် မချေရာ ပါဘူးကွာ။
7 years ago
{{slangs[688].share_count}}

ငံပြာရည်မ

မိန်းမအစစ်များကို မိန်းမလျာ(အခြောက်) များက ခိုင်းနှိုင်းသုံးစွဲသော စကားဖြစ်သည်။

ဟဲ့ ကမတွေ ဟို အစင်လေးက ဟို ငံပြာရည်မနဲ့ပါသွားပြီ။ ငါတို့တော့ ကွဲတာပဲ။ ဟဲ့ ဟို ငံပြာရည်မက မိတ်ကပ်ထူလပျစ်နဲ့ သူ့ကိုယ်သူ လှတယ် ထင်နေလားမသိပါဘူးအေ။
7 years ago
{{slangs[687].share_count}}

ခြေထောက်မိုးမိ

မဟာဉာဏ်ကြီးရှင် ဇဗ္မူထိပ်တင် မောင်မောင်ဉာဏ်ဆီမှ ဆင်းသက်လာခဲ့သည်။ ခြေထောက်နာသဖြင့် ရုံးမလာနိုင်ခြင်းကို ဆိုလိုသည်။

မနေ့က table tennis ရိုက်ရင်း အပြန်ခြေထောက် မိုးမိလိုက်တာ ကြွက်တက်သွားတယ်။ အဲဒါကြောင့် မနက်က မလာရတာ။
7 years ago
{{slangs[686].share_count}}

အသိုက်ပျက်

မည်သူမျှ ဒုက္ခမပေးရပါပဲလျက် တစ်ယောက်တည်း ကြိတ်ကာ ပြသနာတက်နေသည် ဗျာများသည် ဒုက္ခအကြီးအကျယ်ရောက်သည်

ယောက်ဖ ဘာတွေ အသိုက်ပျက် လာပြန်ပြီလဲ
7 years ago
{{slangs[685].share_count}}

ကြေးအိုးပွဲသေး

ကြေးအိုးမှာရာတွင် ပွဲသေးဖြစ်ပါက ဝက်ဦးနှောက် ပါလေ့မရှိချေ။ ထိုကြောင့် ဉာဏ်ပုသော ၊ ဉာဏ်တိမ်သော ၊ ပိန်းသော၊ တနည်းအားဖြင့် ဦးနှောက်မရှိ သော လူပုဂ္ဂိုလ်မျိုးကို ရည်ညွန်း ခြင်းဖြစ်သည်။

ကြေးအိုးပွဲသေး ကြိုက်လို့ကတော့ ခုနေ ကိုယ်တွေ ရည်းစားရနေလောက်ပြီ (တစ်ယောက်တည်း မဟုတ်ဘူး၊ လေး ငါးယောက်လောက် )
7 years ago
{{slangs[684].share_count}}

တဘော်ကျဲ့

တပည့်ကျော်ကို စကားလိမ်ဖြင့် ခေါ်ဆိုခြင်းဖြစ်သည်။

မင်းလောက်က ငါ့ တဘော်ကျဲ့ နဲ့တင်ပြီးတယ်။
7 years ago
{{slangs[683].share_count}}

အူရောင်ငန်းဖျား

ကြောင်တောင်တောင်ဖြင့် အနှောက်အယှက်ပေးသည်။

ဒီဆိုက်ကယ်တွေ အရှေ့မှာ အူရောင်ငန်းဖျားလာလုပ်ပြန်ပြီ။ တိုက်မိပြီး အကုန်သေကုန်မှဖြင့်။
7 years ago
{{slangs[682].share_count}}

အထာမကျဘူး

လုပ်သည့်အခါ အဆင်မပြေသည့်အခါမျိုး (သို့) စိတ်တိုင်းမကျသည့်အခါမျိုး (သို့) ကမောက်ကမဖြစ်သည့် အခါမျိုးတွင် သုံးသည်။

သူ့ဘက်က ဒီလိုလုပ်တာတော့ အထာမကျဘူးကွာ။ မင်းလုပ်တာမဟုတ်သေးဘူး အထာမကျဘူး။
7 years ago
{{slangs[681].share_count}}

ဘင်ထ

ဝက်ခြံပေါက်၊ အဖုအပိန့်ထွက်။

မင်းမျက်နှာတစ်ခုလုံးလည်း ဘင်ထနေပါလား သားကြီး။
7 years ago
{{slangs[680].share_count}}

ဂျလေဘီ

အပေအတေ၊ အလုပ်လက်မဲ့၊ ၁၀၉ / ၁၁၀ လူမျိုးကိုခေါ်သော အသုံးအနှုန်းဖြစ်သည်။

အဲ့ကောင်က ဂျလေဘီပါကွာ။ ထားလိုက်ပါ။
7 years ago
{{slangs[679].share_count}}

Happenings


Jeffreyglalk
is in the house.
1 hour ago
AnthonyWaync
is in the house.
20 hours ago
PornCak
is in the house.
22 hours ago
0kyanus8ahis
is in the house.
1 day ago
TerryRiz
is in the house.
1 day ago
EdwardPar
is in the house.
1 day ago
WifeCak
is in the house.
2 days ago

View All