Define Gawdai

ကာလာတင်

အရက်၊ ဘီယာ သောက်သည်။

မနေ့ညက ငါတို့နှစ်ယောက်ထဲ ကာလာထိုင်တင်နေတာ
7 years ago
{{slangs[15].share_count}}

ဘင့်

ခိုးသည်။

အိမ်က စာအုပ်တွေ ဘယ်သူဘင့် သွားလဲမသိဘူး။
7 years ago
{{slangs[14].share_count}}

ဘော်ချက်

လိမ်လည်ခြင်း။ အလုပ်အကိုင် သေချာမပြဘဲ ငွေကြေးတောင်းခြင်း

ဒီလို ဘော်လာချက်လို့ရမလား။ ဒီကောင် ဘော်ချက်နေတာ။
7 years ago
{{slangs[13].share_count}}

အဆံချောင်

အူကြောင်ကြောင်အတွေးတွေးသူ။ ကျပ်မပြည့်သူ။

အဲ့ကောင် အဆံချောင်ကွာ ဘာတွေပြောနေမှန်းလဲမသိဘူး
7 years ago
{{slangs[12].share_count}}

ခေါ

ကုန်သွားပြီ၊ လက်ကျန်မရှိတော့ခြင်း

ဆေးလိပ်ကခေါနေပြီထင်တယ် ညှော်နေပြီ။ ငါ့မှာသုံးစရာမရှိတော့ဘူး ပါတာအားလုံးခေါသွားပြီ။
7 years ago
{{slangs[11].share_count}}

ဒိုင်ကွက်

ဒိုင်လျှိုကွက်။ အများမသိအောင် ဒိုင်လျှို ထားသောလုပ်ဆောင်ချက်။

ဟေ့ကောင်နေဦး။ လျှောက်မလုပ်နဲ့။ ပြီးမှ မင်းကိုငါ ဒိုင်ကွက်လေးတွေပြမယ်။
7 years ago
{{slangs[10].share_count}}

ဂျလွတ်ပလွတ်

အထိန်းအကွပ်မရှိပဲ လွတ်လပ်နေသော

အမေ့သားကို အဆောင်မှာသွားထားရင် သူဂျလွတ်ပလွတ်ဖြစ်နေမှာပေါ့
7 years ago
{{slangs[9].share_count}}

ကတက်

အချဉ်

ဘယ်နှစ်ယောက်တောင် ရှိနေမှာလဲ ငါ့လိုကတက်တွေ (ကျော်ထွဋ်ဆွေသီချင်းမှ)
7 years ago
{{slangs[8].share_count}}

အူကြူ

မနူးမနပ်အရွယ်။ ဘာမသိ၊ ညာမသိ အရွယ်။

ဟိုကောင်ကတော့ အူကြူလေးတွေပဲ ဖန်စားနေတယ်ကွ။
7 years ago
{{slangs[7].share_count}}

စာတတ်သည်

အခြေအနေကို အလွယ်တကူခြုံငုံတတ်သည်။ ပါးနပ်သည်။

သွားမစမ်းနဲ့ ဒီကောင်ကစာတတ်တယ်ကွ၊ မင်းပဲခံ၇မှာ။ အဲ့ဒီကောင်နဲ့ပေါင်း၇င် ကြည့်ပေါင်း ဒီကောင်ကစာတတ်တယ်။
7 years ago
{{slangs[6].share_count}}

Happenings


Robertwex
is in the house.
2 hours ago
best real money poker sites usa
is in the house.
1 day ago
ytmp3music
is in the house.
1 day ago
Jameserype
is in the house.
4 days ago
Anonymous upvoted “ပါချီပါချက်”
4 days ago
gobetsoft
is in the house.
5 days ago
Anonymous upvoted “တော်ကီ”
5 days ago

View All