Define Gawdai

ဘင်ထ

ဝက်ခြံပေါက်၊ အဖုအပိန့်ထွက်။

မင်းမျက်နှာတစ်ခုလုံးလည်း ဘင်ထနေပါလား သားကြီး။
7 years ago
{{slangs[680].share_count}}

ဂျလေဘီ

အပေအတေ၊ အလုပ်လက်မဲ့၊ ၁၀၉ / ၁၁၀ လူမျိုးကိုခေါ်သော အသုံးအနှုန်းဖြစ်သည်။

အဲ့ကောင်က ဂျလေဘီပါကွာ။ ထားလိုက်ပါ။
7 years ago
{{slangs[679].share_count}}

အစိမ်း

အမေရိကန်ဒေါ်လာကို ခေါ်ဆိုခြင်းဖြစ်သည်။

အခုတလော အစိမ်းတွေ ဈေးကျနေတယ်ကွာ။
7 years ago
{{slangs[678].share_count}}

အာရုံစား

စိတ်ရှုပ်/စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်သည်။

ကိုယ့်ဘာသာ တိုင်ပါတ်နေတာကို အာရုံလာမစားစမ်းပါနဲ့ .. ဝေးဝေးလစ်စမ်းပါကွာ။ အာရုံ(အာရုဏ်)စားချင်ရင်ဘုန်းကြီး၀တ် လစ်လစ်။
7 years ago
{{slangs[677].share_count}}

နှပ်ကီဆွဲ

အိပ်သည်။

သားကြီး ညက ဘောပွဲကိုက်တယ်ကွာ။ ငါခဏသွားပြီး နှပ်ကီဆွဲ လိုက်ဦးမယ်။
7 years ago
{{slangs[676].share_count}}

ငစား

အူကြောင်ကြောင် နိုင်သော၊ စိတ်အနှောက်အရှိ ဖြစ်အောင်လုပ်သောသူ သူမျိုးကိုခေါ်ခြင်းဖြစ်သည်။

ဒီကောင် ငစားကွာ၊ အလုပ်များနေပါတယ်ဆိုမှ။
7 years ago
{{slangs[675].share_count}}

နတ်အိုးကွဲ

နတ်စင်တွင်အသုံးပြုထားသော အိုးကွဲသွားသောအခါ ပဲလှော်ရန်လဲ အိုးကကွဲနေသဖြင့် လှော်မရ၊ အီး ကော်ရန်လဲ နတ်စင်က အိုးဖြစ်၍ ငရဲကြီးမှာစိုးရ၊ ထိုသို့ ဘာမှသုံးစား၍မရသော အခါအသုံးပြုသည်။

အဲ့ကောင် နတ်အိုးကွဲပါကွာ။
7 years ago
{{slangs[674].share_count}}

လူတွင်ကျယ်

လူကြားထဲတွင် ပြောတတ်ဆိုတတ်သူ

အဲ့ကောင်က လူတွင်ကျယ်ပါကွာ
7 years ago
{{slangs[670].share_count}}

စိုင်းစိုင်း(Sai Sai)

Copy ကောင်

ဟိုကောင်က စိုင်းစိုင်း ကြီးပါကွာ :3
7 years ago
{{slangs[669].share_count}}

သံတိုင်ကွေး

ခန္ဓာကိုယ် ကောက်ကြောင်း၊ အသွင်အပြင်ကို ရှိရင်းစွဲထက် ပိုမိုသိသာစွာထွက်လာအောင် ပြင်ဆင်ထားကြောင်းကို ဆိုလိုသည်။

ဟိုဆော်ကြီးကတော့ သံတိုင်ကွေးကြီးဟ၊ အပြင်မှာ မြင်ရတော့မှ လူကမုန့်ဟင်းခါးဖတ်လောက်ပဲရှိတယ်။ သံတိုင်ကွေးရုံမက ကောင်းကင်ကြီးပါ လု ခြေထောက်အောက်ရောက်နေပစေ၊ မေတ္တာမလျော့ပါဘူးကွယ်။
7 years ago
{{slangs[668].share_count}}

Happenings


Ruslanpaw
is in the house.
1 day ago
KennethgeX
is in the house.
1 day ago
DavidPlole
is in the house.
2 days ago
Germanunab
is in the house.
2 days ago
ArturoRalty
is in the house.
5 days ago
Furioushare
is in the house.
6 days ago
MuskRap
is in the house.
1 week ago

View All