Define Gawdai

လှကျော်

ပစ္စည်းကောင်းများကို သူငယ်ချင်များထံမှ ငှားရမ်းပြီး အမေ့ခံ ပြန်၍ မပေးသောသူ။

ဟေ့ကောင် ဟေ့ကောင် မြန်မြန် သိမ်း။ မြန်မြန် သိမ်း။ ဟိုမှာ လှကျော် လာနေပြီ။
8 years ago
{{slangs[82].share_count}}

မဏ္ဍပ်တိုင်တက်

အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြသည်။

နှမ်းစေ့လောက်လေး ကူညီပေးပြီး မဏ္ဍပ်တိုင်တက် ပြမနေနဲ့ :3
8 years ago
{{slangs[174].share_count}}

အသုပ်သုပ်

အလုပ်သေချာမလုပ်ဘဲ ယောင်နေသည်။

ဟိုကောင်ကတော့ အသုပ်သုပ်နေသဟေ့
7 years ago
{{slangs[332].share_count}}

စမုံတုံးသည်

မျှော်လင့်ထားသည့်ကိစ္စများ သောက်တလွဲဖြစ်သွားသည်

ဟာ! သွားပီ စမုံတုံးပါပီကွာ။
7 years ago
{{slangs[351].share_count}}

ပိန်း

အသုံးမကျ။ အသည်။ ထုံထိုင်းသည်။

ဒါနဲ့များ မင်းကိုမင်း gamer တဲ့ကွာ။ ပိန်းလွန်းပါတယ်။
7 years ago
{{slangs[379].share_count}}

အာလူးဖုတ်

အကြောင်းအရာ အတည်တကျမရှိပဲ ရောက်တတ်ရာရာ စကားပြောခြင်း။ စကားများသည်။

မနေ့ညကတောင် လ္ဖက်ရည်ဆိုင်မှာ ဟိုကောင်တွေနဲ့ အာလူးဖုတ်နေတာ တွေ့လိုက်သေးတယ်။
8 years ago
{{slangs[192].share_count}}

ကုတို့ဆိပ်မှာ မှို့အိပ်ဖွင့်

လူမသိစေချင်သည့် အကြောင်းအရာကို တစ်ပါးသူက လူအများရှေ့တွင်ပြောသူ…(ကုတို့ဆိပ်တွင် လေပြင်းတိုက်၍ မှို့အိပ်ဖွင့်လိုက်သောအခါ လေနှင့်အတူ ပြန့်နှံ့သွားခြင်း)

လူမသိစေချင်ပါဘူးဆို…အခုတော့ ကောင်းလား…ကုတို့ဆိပ်မှာ မို့အိပ်ဖွင့်သလိုဘဲ အားလုံးသိကုန်ပြီ…………
7 years ago
{{slangs[310].share_count}}

ဗုန်းကျဲ

အိမ်သာတက်သည်။

ဟေ့ရောင်တွေ ငါ ဗုန်းကျဲ လိုက်ဦးမယ်
7 years ago
{{slangs[363].share_count}}

လဒူ

အရမ်း 'အ' ပြီး အရာရာမှာထုံနေသောသူ

သားကြီး ဟိုမှာတွေ့လား မနေ့တုံးက ငါတို့နဲ့ ဂိမ်းဆော့တော့ လဒူလေး
7 years ago
{{slangs[377].share_count}}

ဝလိုက်တော့

ကျေနပ်လိုက်တော့ တော်လိုက်တော့

အဲ့လောက်ဆို မင်း ဝလိုက်တော့
7 years ago
{{slangs[422].share_count}}

Happenings


Williesquib
is in the house.
1 day ago
TerenceNaK
is in the house.
1 day ago
WalterThync
is in the house.
1 day ago
Robbuh
is in the house.
1 day ago
MeganTot
is in the house.
1 day ago
Donnafup
is in the house.
1 day ago
Humanaber
is in the house.
1 week ago

View All