Define Gawdai

ဦးနှောက်ဂုတ်ကပ်

ဦးနှောက်က သူ့နေရာခေါင်းတွင်မရှိပဲ ဂုတ်သို့ရောက်နေ။ ဦးနှောက်မသုံးပဲ အလုပ်လုပ်သူများကို ရည်ရွယ်ပြောဆိုရာတွင် သုံးသည်။

မောင်မောင် တစ်ယောက်အလုပ်လုပ်တာ အသုံးမကျ ပုံများ ဦးနှောက်ဂုတ်ကပ် နေသလိုပဲ။
7 years ago
{{slangs[455].share_count}}

ပိဋကတ်အိုးကွဲ

ပညာရပ်တစ်ခုကို အဟုတ်အမှန်မတတ်ပဲ တတ်ချင်ယာင်ဆောင်သောသူများကို သရော်သည့်အခါသုံးသည်။ ပိဋကတ်အိုး၏ ဆန့်ကျင်ဖက် အသုံးအနှုန်းဖြစ်သည်။

မင်းသား ပိဋကတ်အိုးကွဲ သူ့အဒေါ်အပျိုကြီးတွေကို သွားအာနေပြန်ပြီ။
6 years ago
{{slangs[727].share_count}}

ချိန်ခွင်

နေရာတကာ ဝင်စွက်ဖွက်ပြီး သူများပြဿနာကို ဆရာကြီးလုပ်တတ်သူ

ဟာ ခင်ဗျားကတော့ ချိန်ခွင်ကြီးပဲ
7 years ago
{{slangs[491].share_count}}

စမောလေး

အငယ်အနှောင်း၊ အငယ်လေး။ အသက်အရွယ်ကြီးရင့်သောသူများ ကိုယ့်ထက် အသက်ငယ်သောသူများနှင့် တွဲကြသောအခါ အသုံးပြုသည်။ အင်္ဂလိပ် စကားလုံး small မှ ဆင်းသက်လာခြင်းဖြစ်သည်။

ဟို ဘိုးတော်က အာရကေ ဘယ်လောက်ထောလဲတော့ မသိဘူး၊ အမြဲတမ်း စမောလေးတွေ တစ်သိုက်နဲ့။
7 years ago
{{slangs[699].share_count}}

ဘူရှူ

မကောင်းသော ၊ ပေါချာချာနိုင်သော ၊ အလုပ်မဖြစ်သော ၊ ရယ်ရွှင်ဖွယ်ဖြစ်သော ။

'အဲ့သည်ကောင်နဲ့ သိပ်ပေါင်းနဲ့ ၊ သူက ဘူရှူကောင် သားရီး '။
5 years ago
{{slangs[743].share_count}}

ရမ်းသမ်း

မသိဘဲ လုပ်မိ၊ ပြုမိသည်။

မင်းကလဲ ရမ်းသမ်းပြောမနေနဲ့၊ ဟိုကောင်က ရမ်းသမ်းလုပ်လို့ နာတော့မယ်။
7 years ago
{{slangs[483].share_count}}

ကြောင်း

နောက်မှလိုက်၍ ကိုယ်လိုရာကို အခြေအနေပေါ်မူတည်၍ ပြောဆိုဆောင်ရွက်သည်

ဟေ့ကောင် မင်းကြိုက်တဲ့ ကောင်မလေးလာနေပြီ လိုက်ကြောင်း လိုက်တော့.... ဒီချိန်က ကွက်တိပဲ
7 years ago
{{slangs[476].share_count}}

GG ပါကွာ

Dota2 players များကဲ့သို့ online game ကစားသူများ လက်တွေ့ဘဝတွင် တွဲသုံးခြင်းဖြစ်သည်။ Good Game ဟု စစချင်းပြောသူက အရှုံးပေးသူဖြစ်သည်။ ရှုံးနှိမ့်သည်။ အရှုံးပေးသည်ဟု အဆိုရသည်။ စာမေးပွဲမဖြေနိုင်ရာ၊ စိတ်ကူးထားတာ ဖြစ်မလာရာ တို့တွင်သုံးသည်။

ဒီနှစ် ကျောင်းလခကတော့ GG ပဲ။ မနက်ဖြေမဲ့ English စာ က GG ပါကွာ။
7 years ago
{{slangs[532].share_count}}

အောမေ

ဘော်ဒါ (အမ)။ Singer Tharr Sis စတင်သုံးစွဲရာမှ ပြန့်နှံ့လာသည်။

ညနေကျရင် အောမေတစ်ယောက်နဲ့ သွားတွေ့ရမှာမို့ မအားသေးဘူးကွာ။
8 years ago
{{slangs[288].share_count}}

အမုန်းဆွဲ

တစ်ခုခုကို မုန်းခန်းတိုင်အောင်လုပ်ဆောင်မှု။ လိုသည်ထက်ပိုပြီး အားထုတ်လုပ်ဆောင်မှု။

ရန်ကုန်ပြန်ရောက်တာနဲ့ မုန့်ဟင်းခါး အမုန်းဆွဲပစ်မယ်။
7 years ago
{{slangs[303].share_count}}

Happenings


Williesquib
is in the house.
18 hours ago
TerenceNaK
is in the house.
1 day ago
WalterThync
is in the house.
1 day ago
Robbuh
is in the house.
1 day ago
MeganTot
is in the house.
1 day ago
Donnafup
is in the house.
1 day ago
Humanaber
is in the house.
1 week ago

View All