Define Gawdai

ချွတ်တား

ဘူမသိဘာမသိကောင်တွေကို ခေါ်ဝေါ်သည့်အခါတွင် သုံးသည် ။

အဲဒီကောင်ကို လွတ်ထားလိုက် ချွတ်တားပါကွာ။
8 years ago
{{slangs[261].share_count}}

ဘဝခါး

ဒုက္ခ အကြီးကြီးရောက်သည်။

အဲ့ကောင်လက်ချက်နဲ့ ငါတော့ ဘဝခါးပြီကွာ။
8 years ago
{{slangs[273].share_count}}

ဖလာကြိတ်

အခမဲ့စားသုံးသည်။ အခမဲ့ရယူသည်။

ဒီကောင် ငါ့ဆီက ဖလာကြိတ်တာ များပြီကွာ။
8 years ago
{{slangs[37].share_count}}

သောကပဲ

စိတ်ညစ်အောင် လာလုပ်သည့်အခါ သုံးသောစကား။

မင်းက တကယ့်သောကပဲကွာ။
8 years ago
{{slangs[68].share_count}}

ဘုရှိုး

မကြည်ကြည့် ကြည့်သည်။ ရန်လိုသော အကြည့်ကြည့်သည်။

သားကြီး ဒေါင်ထိုင်နေတဲ့ ဘဲတွေ ငါ့ကို ဘုရှိုးရှိုးနေတယ်ကွ။ ရှော့ခ်ရှိတယ် လစ်မှ။
7 years ago
{{slangs[404].share_count}}

ဂိန်ကြောင်

ကြောင်တောင်တောင် အူတူတူ ပလပ်ကျွပ်

အဲ့ကောင် ဂိန်ကြောင် ဖြစ်နေတာပါကွာ
8 years ago
{{slangs[175].share_count}}

ပေါက်ပေါက်ဖောက်

စကားများသည်။ နားထောင်ချင် မထောင်ချင် မသိ စွတ်ပြောသည်။

အိမ်နားက ဘိုးတော် ပေါက်ပေါက်ဖောက်နေတာနဲ့ ဘောပွဲလွတ်သွားတယ်ကွာ။
8 years ago
{{slangs[186].share_count}}

ဆက်ကော့လက်ကော့

လျှပ်ပေါ်လော်လီစွာ ပြောဆိုနေထိုင်သည်

အမယ်အိုကြီးကို ပစ်၍ ဆက်ကော့လက်ကော့ ညွန့်မေတစ်ယောက် လင်နောက်လိုက်သွားလေသည်။
7 years ago
{{slangs[453].share_count}}

အနံကြီးကွင်းကျယ်

ကြီးကျယ်သည်။ မလိုအပ်ပဲ ဟန်လုပ်သည်၊ ကိန်းခန်းကြီးသည်။ လွှမ်းမိုးသီဆိုပြီး စိုးလွင်လွင်ရေးထားသော "အနံကြီးကွင်းကျယ်" သီချင်းတွင် "အနံကြီးပြီး ကွင်းကျယ်တဲ့ လူတွေနဲ့ နောက်တစ်ခါ မဆက်ဆံချင်တော့ဘူး" ဟုသုံးစွဲထားသည်။

ဘေးအိမ်ကလူတွေက တစ်ကယ့် အနံကြီးကွင်းကျယ်တွေပဲကွာ၊ ငါတို့ဆိုရင် မခေါ်ချင် မပြောချင်နဲ့။
8 years ago
{{slangs[264].share_count}}

အာဖျံကွီး

အစစ်အမှန်မဟုက် လူလည်ကျ ညာရွှီးသူ

ဒီဘဲ အာဖျံကွီးပါကွာ
8 years ago
{{slangs[295].share_count}}

Happenings


DavidRot
is in the house.
2 hours ago
RobertwaG
is in the house.
17 hours ago
Joesphelutt
is in the house.
3 days ago
Williesquib
is in the house.
4 days ago
TerenceNaK
is in the house.
5 days ago
WalterThync
is in the house.
5 days ago
Robbuh
is in the house.
5 days ago

View All