Define Gawdai

ဆုတောင်းလေ

မဖြစ်နိုင်သော အရာတစ်ခုအား လိုချင်သော အခါ သူငယ်ချင်းများက စ သော စကား

လို ချင်လား ဆုတောင်းလေ
9 years ago
{{slangs[525].share_count}}

SKB

SKB ကို ဆော်ကြည်ဘဲ ဟု တွင်ကျယ်စွာ သုံးသော်လည်း အခြား အဓိပ္ပာယ်များရှိ၏ ဆော်ချဉ်ဘဲ ဆော်ချူဘဲ ဆော်ကျူဘဲ ဆော်ကြောက်ဘဲ

ဆော်ကြည်ဘဲဟု မြှောက်ပြောသလိုနှင့် အခြား အဓိပ္ပာယ်ဖြင့် စိတ်ရှိလက်ရှိ အောက်ရိုက်ချသောနေရာတွင်သုံးသည် ပြောလည်း ပြောရ အပြောခံသူလည်း ကျေနပ်စေသော အသုံးအနှုန်းဖြစ်သည်
9 years ago
{{slangs[528].share_count}}

ကြေးအိုးပွဲသေး ဒါပေမဲ့ငရုတ်ကောင်းနဲ့

ကြေးအိုးမှာရာတွင် ပွဲသေးဖြစ်ပါက ဝက်ဦးနှောက် ပါလေ့မရှိချေ။ သို့သော်ငရုတ်ကောင်းများလျင်ပူစပ်ပူစပ်ဖြစ်သည်။ ထိုကြောင့် ဉာဏ်ပုသော ၊ ဉာဏ်တိမ်သော ၊ ပိန်းသော၊ တနည်းအားဖြင့် ဦးနှောက်မရှိ သော်လည်း ရုပ်ရည်အားဖြင့်လန်းသော၊ဆွဲဆောင်မှုရှိသော လူပုဂ္ဂိုလ်မျိုးကို ရည်ညွန်

"သူကချောလားဟင်" "အေး...သူက ကြေးအိုးပွဲသေးငရုတ်ကောင်းနဲ့"
2 years ago
{{slangs[747].share_count}}

သုပ်မှာ

တိုက်ခိုက်ခြင်း

ဟိုကောင်ကြည့်မရဘူး သုပ်မှာ ငါက
8 years ago
{{slangs[654].share_count}}

ပွတ်သဘင်

ပါတီပွဲ ကိုဆိုလိုသည် ကိုလိုနီခေတ်နှင့်လွတ်လပ်ရေး ရပြီးစ အချိန်များတွင်သုံးဆွဲခဲ့သည်။

ကိုသိန်းမောင်ရာ ညက ပွတ်သဘင် မှာတွေ့ခဲ့တဲ့ မဒီ လေးကတယ်နိပ်သဗျာ။
9 years ago
{{slangs[189].share_count}}

ဆော်ပြောင်

လက်ဖက်ရည်ဆိုင်တွင် သုံးသော အသုံးအနှုန်း။ ကော်ဖီမစ်စ် ပလိန်း (ရေနွေးအပြင် ဘာမျှထပ်မထည့်ပဲ) ကိုခေါ်သောဘန်းစကား။

ဆော်ပြောင် One တခါတည်း ဆွဲမယ်။
9 years ago
{{slangs[306].share_count}}

ကျွတ်ကျဲ

ကြောက်လန့်ခြင်း။ သရဲဘောကြောင်ခြင်း။ သွေးမရှိခြင်း။

မင်းလုပ်တုန်းကလုပ်ပြီး အခုမှလာ ကျွတ်ကျဲ ပြမနေနဲ့။
9 years ago
{{slangs[164].share_count}}

ဝဲစွဲ

အခြေအနေဆိုးဆိုး၊ အဆင်မပြေ အနေအထား ဖြစ်ကြောင်းဖော်ပြရာတွင်သုံးသည်။

သားကြီး ဆိုင်ကယ်ဖြည်းဖြည်းမောင်းဟ....နှစ်ယောက်လုံး ဝဲစွဲ ကုန်မယ်
9 years ago
{{slangs[311].share_count}}

ဂဠုန်ဆန်

ကုန်းတိုက်သည်။ သစ္စာဖောက်သည်။

ဘော်ဒါချင်း လာပြီး ဂဠုန်ဆန် မနေနဲ့
8 years ago
{{slangs[625].share_count}}

ငံပြာရည်မ

မိန်းမအစစ်များကို မိန်းမလျာ(အခြောက်) များက ခိုင်းနှိုင်းသုံးစွဲသော စကားဖြစ်သည်။

ဟဲ့ ကမတွေ ဟို အစင်လေးက ဟို ငံပြာရည်မနဲ့ပါသွားပြီ။ ငါတို့တော့ ကွဲတာပဲ။ ဟဲ့ ဟို ငံပြာရည်မက မိတ်ကပ်ထူလပျစ်နဲ့ သူ့ကိုယ်သူ လှတယ် ထင်နေလားမသိပါဘူးအေ။
8 years ago
{{slangs[687].share_count}}

Happenings


Kennethvew
is in the house.
1 day ago
Sonickpi
is in the house.
4 days ago
PNTodd
is in the house.
4 days ago
Dread_Curly_limi
is in the house.
6 days ago
Anonymous upvoted “ကာလာတင်”
1 week ago
Robertmaigh
is in the house.
1 week ago
Zacharypep
is in the house.
1 week ago

View All