Define Gawdai

နှပ်ချေးပါကွာ

(၁) တစ်ဖက်သားအား အထင်ကြီးလောက်စရာမရှိသောအခါမျိုးတွင်သုံးသည်။ (၂) ကပ်စီးနည်းသော သူများအား ခေါ်ဆိုရာတွင်သုံးသည်။

ငွေရေးကြေးရေး နှပ်ချေးပါကွာ။ အဲ့ကောင်က နှပ်ချေးကွာ .. ဒါလေးတောင် ငါတို့ကို မပေးကန်းချင်ဘူး။
8 years ago
{{slangs[461].share_count}}

တုံချွမ်

အချိန်မဆွဲပဲအမြန်လုပ်သည်။

ကားဂိတ်မှာ ပစ္စည်းသွားယူရမယ်။ ခဏပါ၊ တုံချွမ်ပဲ။
8 years ago
{{slangs[459].share_count}}

ကြောင်ချီး

အနံ့အသက်ဆိုးရွားသောအခါ နှင့် ပေပွနေသောအခါသုံးသည်။

ဒီကောင်ရေမချိုးတာ ဘယ်လောက်ရှိပဲလဲမသိဘူး၊ ကြောင်ချီးရုပ်နဲ့ ပုံကိုမလာဘူး။
8 years ago
{{slangs[458].share_count}}

ဂလည်အူကြောင်

ကြောင်တောင်တောင်နိုင်သည်

ဒီကောင် ဂလည်အူကြောင် ကောင်ပါကွာ!!
8 years ago
{{slangs[456].share_count}}

ဦးနှောက်ဂုတ်ကပ်

ဦးနှောက်က သူ့နေရာခေါင်းတွင်မရှိပဲ ဂုတ်သို့ရောက်နေ။ ဦးနှောက်မသုံးပဲ အလုပ်လုပ်သူများကို ရည်ရွယ်ပြောဆိုရာတွင် သုံးသည်။

မောင်မောင် တစ်ယောက်အလုပ်လုပ်တာ အသုံးမကျ ပုံများ ဦးနှောက်ဂုတ်ကပ် နေသလိုပဲ။
8 years ago
{{slangs[455].share_count}}

ဆက်ကော့လက်ကော့

လျှပ်ပေါ်လော်လီစွာ ပြောဆိုနေထိုင်သည်

အမယ်အိုကြီးကို ပစ်၍ ဆက်ကော့လက်ကော့ ညွန့်မေတစ်ယောက် လင်နောက်လိုက်သွားလေသည်။
8 years ago
{{slangs[453].share_count}}

အဆ

အေးဆေးပဲ

သားရီး အဆ အဆ စကီးလေး အဆ အဆ
8 years ago
{{slangs[452].share_count}}

စမ်းကြား

လူမိုက် လူရမ်းကား

ဘာလဲမင်းကစမ်းကြားလား
8 years ago
{{slangs[450].share_count}}

ခိုးရှိုး

မသိမသာကြည့်သည်

ချောမောလှပသောမိန်းမပျိုလေးများကိုကောင်လေးများကခိုးရှိုးသည်။
8 years ago
{{slangs[449].share_count}}

အော်လပုံ

များပြားသည်

ဒို့အိမ်မှာ ထမင်းကျန်တွေ အော်လပုံပဲ
8 years ago
{{slangs[448].share_count}}

Happenings


RobertSor
is in the house.
10 hours ago
Sergiolab
is in the house.
18 hours ago
Faustobaibe
is in the house.
4 days ago
LeoFreskos
is in the house.
4 days ago
CarmineMip
is in the house.
1 week ago
Maikan1Paymn
is in the house.
1 week ago
JaslyFuh
is in the house.
1 week ago

View All