Define Gawdai

ပျားတုတ်ပြီကွာ

အရေးအကြောင်း၌ ဒုက္ခရောက်ခြင်းကိုဆိုလိုသည်။ (အညာသားများသုံးသောစကားဖြစ်သည်)

ငါတော့.. ပျားတုတ်ပြီကွာ .. ပိုက်ဆံရှင်းခါနီးမှ ငါ့ပိုက်ဆံအိတ် ဘယ်မှာကျန်ခဲ့လဲ မသိဘူး
7 years ago
{{slangs[596].share_count}}

အာတာပူစီ

အချစ်ရေးနှင့်ပက်သက်လျင် ထိခိုက်လွယ်သောသူ ၊ ထိခိုက်မခံနိုင်သူ မျိုးကို အာတာပူစီ၏ ပါးလွှာမှုနှင့်တင်စားပြီး ခိုင်းနှိုင်းသည်။

ကောင်မလေးက အာတာပူစီလေးပါကွာ ... ဒုက္ခမပေးချင်စမ်းပါနဲ့။
7 years ago
{{slangs[595].share_count}}

ညလေး

ကိုယ့်ထက်အတွေ့ကြုံနည်းသော (ဝါ) အသက်ငယ်သော မိန်းခလေးများကိုဆိုလိုသည် ။

ဒီကိစ္စ ဘာမှစိတ်မပူနဲ့ ညလေး ... ကိုကို အားလုံးစီစဉ်ပေးမယ် ။
7 years ago
{{slangs[593].share_count}}

ငစနူ (ငါးဆားနူ)

အသုံးမဝင်သည့်သူ၊ အများနှင့် အဆင်ပြေအောင်မနေတတ်သူ၊ လူမှုဆက်ဆံရေး မကောင်းသူ။

ထားလိုက်ပါကွာ၊ အဲ့ ငစနူ ကောင်ကို။ ဟာ ... အဲ့ကောင်က တကယ့် ငစနူ၊ မင်း သွားအဖတ်လုပ်မနေနဲ့။
7 years ago
{{slangs[592].share_count}}

ဆပ်ပြာသည် လင်ပျောက်

ပြာယာခက်သောသူ

အလုပ်တစ်ခုလုပ်ရာတွင် ပြာယာခက်နေသောသူကို ခေါ်သည့် နာမည်
7 years ago
{{slangs[591].share_count}}

ဘုတ်

နာမည်ဆိုးဖြင့်ကြော်ကြားသော

မျက်မောက်ခေတ်ကာလတွင်မကောင်းသည့်အရာဟုယူစထားသည်များကိုလုပ်သူကိုဆိုသည်
7 years ago
{{slangs[588].share_count}}

ဘုတ်အူ

အူကြောင်ကြောင်နိုင်သည်

စော်လေးကလန်းသလောက် သူ့အဒေါ်က ဘုတ်အူကြီး ပါကွာ
7 years ago
{{slangs[587].share_count}}

စမှုံတုံး

ပုံစံမလန်းခြင်း

မင်းဆော်ကြီးက စမှုံကြီးပါကွာ
7 years ago
{{slangs[586].share_count}}

တောပလေးယား

အဝတ်အစား အပြောအဆို အနေအထိုင် ခေတ်မမှီသောသူ

မင်းတို့မေဂျာက ကွင်းက တောပလေးယားကြီးပါကွာ
7 years ago
{{slangs[585].share_count}}

ဘောကိုက်

ဘောပွဲရှုံးသည်

သားကြီး ငါဘောကိုက်နေလို့ နှစ်ပုံးလောက်လှည့်ဦး
7 years ago
{{slangs[583].share_count}}

Happenings


Humanaber
is in the house.
4 days ago
Ruslanpaw
is in the house.
6 days ago
KennethgeX
is in the house.
1 week ago
DavidPlole
is in the house.
1 week ago
Germanunab
is in the house.
1 week ago
ArturoRalty
is in the house.
1 week ago
Furioushare
is in the house.
1 week ago

View All