ဝင်ငွေမရှိ/ အလုပ်မရှိသောအခါ ထမင်းစားဖို့ငွေမရှိခြင်းကိုဆိုလိုသည်။
ငါအလုပ်မရှိရင် မန်မန်တွေတူတူပုန်းသွားလိမ့်မယ်
အသံအကျယ်ကျယ်နှင့် စကားလုံးအမြင့်ကြီးတွေ ပြောတတ်သူ။
ဟေ့ကောင် ... ဟေ့ကောင် ... helicopter လာပြီ။ ငါတို့တော့ နားဒုက္ခခံရဦးမယ်။
ထိုးကျိပ်ခံရသည့်အတွက် မျက်နှာပေါ်တွင် ညိုမဲစွဲ ကျန်ခဲ့သည့် ဒဏ်ရာကို တင်စားရာတွင် အသုံးပြုသည်။
မောင်မောင် မင်း မျက်နှာမှာ မှတ်ပုံတင်သွားတာ ဘယ်ကောင်လည်း။
အလုပ်အကိုင်မရှိ လေလွင့်လူငယ်တို့အား အရေးယူသည့် ပုဒ်မအား အလုပ်မရှိဟု သွယ်ဝိုက်အသုံးပြုသည်။
ဟေ့ကောင် မင်း အခုဘာလုပ်နေလဲ မရှိပါဘူးကွာ အခုလောလောဆယ် ၁၀၉/၁၁၀ ပေါ့
အရမ်း 'အ' ပြီး အရာရာမှာထုံနေသောသူ
သားကြီး ဟိုမှာတွေ့လား မနေ့တုံးက ငါတို့နဲ့ ဂိမ်းဆော့တော့ လဒူလေး