Define Gawdai

ဟု

ဟုတ်ကဲ့ကို အတိုကောက် ဟု ဆိုပြီး အသုံးပြုကြသည်။ Messenger နှင့် Viber ကဲ့သို့သော Chatting Platform များတွင် လူငယ် နှင့် အချို့သော လူလတ်ပိုင်း များ အသုံးပြုမှုများသည်။

မနက်ဖြန် တွေကြမယ်နော်။ ဟု ကိုကို။ တွေ့တဲ့အခါ လိမ္မာနော် ချစ်ချစ်။ ဟုဟု ကိုကို aycd။
6 years ago
{{slangs[665].share_count}}

BRT စီးနေတယ်

လုပ်သင့်လုပ်ထိုက်သည်ကို မလုပ်ဘဲ၊ ဟန်ရေးပြကာ အလုပ်လုပ်ချင်ယောင်ဆောင်ရင်း အချိန်ဖြုန်းနေသည်။ (Created by Kyaw Nyo Thway)

ဟာ ဒီဘဲကတော့ကွာ BRT ပဲအမြဲစီးနေတော့တာပဲ။ တကယ်လုပ်ရမယ့်ဟာကျတော့မလုပ်ဘဲ မဟုတ်တာလျှောက်လုပ်နေတယ်။ အခုတော့ ဘာမှမပြီးဘူး။
6 years ago
{{slangs[664].share_count}}

လေးဖြူတစ်ပွဲ

လက်ဖက်ရည်ဆိုင်များတွင် ဆေးလိပ် ၄ လိပ် ကို ဆေးလိပ်တစ်ပွဲဟု သုံးလေ့ရှိသည်။ အဖြူရောင် ဆေးလိပ် ၄ လိပ်ပါ ဆေးလိပ် ၁ ပွဲကို လေးဖြူ ၁ ပွဲ ဟု သုံးလေ့ရှိသည်။ တက္ကသိုလ်များ နှင့် နီးသော နေရာများတွင် ကျောင်းကန်တင်းများတွင် တက္ကသိုလ် ကျောင်းသားများ သုံးလေ့ရှိသည့် ဘာသာ

အစ်ကိုရေ လေးဖြူတစ်ပွဲ ဒီဝိုင်းကို ချပေးပါ။
6 years ago
{{slangs[663].share_count}}

ဆိုးတော့ ဆိုးတယ် ဒါပေမယ့် နှုတ်ခမ်းနီ

ထိပ်တိုက်တွေ့ပြီး ဖြေရှင်းသောအခါ အဖြဲဇယားခင်းပြီးမှ ရှော်သွားသည်။ (Created By ကျော်ညိုသွေး)

ဇိုးပုံစံနဲ့ ငါ့လာဖြဲနေတယ် ငါပြန်ဖြဲတော့မှ ဆိုးတော့ဆိုးတယ် နှုတ်ခမ်းနီ ဆိုတာမျိုးလုပ်သွားတယ်။ :D
6 years ago
{{slangs[661].share_count}}

လွင့်

ဘယ်ကလာတာလဲ ဘယ်သွားမလို့လဲ ဆိုတဲ့သဘော

ဟေ့ကောင် မင်းဘယ်ကလွင့်လာတာလဲ။
6 years ago
{{slangs[658].share_count}}

ဘောက်ချာစုတ်

ရန်ညှိုးရန်စ ရှိသောကြောင့် မကျေနပ်သဖြင့်စာရင်းပြန်ရှင်းသည်။

သားကြီး..ဟိုးမှာ တွေ့လား..တခေါက်က ငါတို့ကို ဘလိုင်းကြီးဖြဲသွားတဲ့ကောင်.. ဘောက်ချာစုတ်မယ် အဲ့ကောင်ကို!
6 years ago
{{slangs[657].share_count}}

သုပ်မှာ

တိုက်ခိုက်ခြင်း

ဟိုကောင်ကြည့်မရဘူး သုပ်မှာ ငါက
6 years ago
{{slangs[654].share_count}}

ဘိုးတော်

အိမ်တွင်ရှိသောအဖေ ကို တင်စားခေါ်ဝေါ်ရာတွင်အသုံးပြုခြင်း

ရောက် တာ နဲ့ အိမ်ကဘိုးတော်က က ပွမ်ဒယ်ကွာ ရေလည်စိတ်ညစ်တယ်
6 years ago
{{slangs[653].share_count}}

AYCD

အရမ်းချစ်တယ်

လူအများကြား ကိုယ့် ချစ်သူကိုပြောသောစကား
6 years ago
{{slangs[652].share_count}}

လေထဲလမ်းလျှောက်

အရက်အမူးလွန်ပြီးအိမ်ပြန်ခါနီး နှုတ်ဆက်သည့်စကား

သားကြီး.. မှောင်ပြီကွာ..ဆိုင်ကနေလိမ့်ပြီး လေထဲလမ်းလျှောက် ကြရအောင်..
6 years ago
{{slangs[651].share_count}}

Happenings


Elijahhex
is in the house.
56 minutes ago
Donaldtib
is in the house.
14 hours ago
Jessetat
is in the house.
2 days ago
Anonymous upvoted “ပတ်ထိန်း”
2 days ago
Josephwab
is in the house.
3 days ago
BonnieGeola
is in the house.
3 days ago
Siterscada
is in the house.
4 days ago

View All