Define Gawdai

User Avatar

Phyo Zaw Tun

Total Gawdai: 6

ဆြာဒက်

ဆြာဝန်းထွန်းရှိန် ၏ ငယ်အမည် ဓါတ်ခဲ နှင့် ဆြာ ဂုဏ်ပုဒ် ဝိသေသကို ပေါင်းစည်းထားသော အမည်ဖြစ်သည်။ ဆြာဒက် တစ်ဦးတည်း ကို ခေါ်ဆိုရန် မူပိုင် ဖြစ်သည်။

ဆြာဒက် ဘာတွေ မွှေလာပြန်ပြီလဲမသိဘူး။
7 years ago
{{slangs[666].share_count}}

ဟု

ဟုတ်ကဲ့ကို အတိုကောက် ဟု ဆိုပြီး အသုံးပြုကြသည်။ Messenger နှင့် Viber ကဲ့သို့သော Chatting Platform များတွင် လူငယ် နှင့် အချို့သော လူလတ်ပိုင်း များ အသုံးပြုမှုများသည်။

မနက်ဖြန် တွေကြမယ်နော်။ ဟု ကိုကို။ တွေ့တဲ့အခါ လိမ္မာနော် ချစ်ချစ်။ ဟုဟု ကိုကို aycd။
7 years ago
{{slangs[665].share_count}}

လေးဖြူတစ်ပွဲ

လက်ဖက်ရည်ဆိုင်များတွင် ဆေးလိပ် ၄ လိပ် ကို ဆေးလိပ်တစ်ပွဲဟု သုံးလေ့ရှိသည်။ အဖြူရောင် ဆေးလိပ် ၄ လိပ်ပါ ဆေးလိပ် ၁ ပွဲကို လေးဖြူ ၁ ပွဲ ဟု သုံးလေ့ရှိသည်။ တက္ကသိုလ်များ နှင့် နီးသော နေရာများတွင် ကျောင်းကန်တင်းများတွင် တက္ကသိုလ် ကျောင်းသားများ သုံးလေ့ရှိသည့် ဘာသာ

အစ်ကိုရေ လေးဖြူတစ်ပွဲ ဒီဝိုင်းကို ချပေးပါ။
7 years ago
{{slangs[663].share_count}}