Define Gawdai

Htunlynn

Total Gawdai: 0

သြဇာသီးရောင်း

သြဇာ အာဏာရှိသည့်ပုံ ဖြင့်ပြောဆို ငေါက်သည်။ မိန်းမလျာ အများစု အသုံးပြုလေ့ရှိသည်။

ဘွားတော်က တခုခုဆို နည်းနည်းလေးမှ မမှားနဲ့၊ သြဇာသီးရောင်းမယ်ဆိုတာချည်းပဲ။
7 years ago
{{slangs[477].share_count}}

ကြောင်း

နောက်မှလိုက်၍ ကိုယ်လိုရာကို အခြေအနေပေါ်မူတည်၍ ပြောဆိုဆောင်ရွက်သည်

ဟေ့ကောင် မင်းကြိုက်တဲ့ ကောင်မလေးလာနေပြီ လိုက်ကြောင်း လိုက်တော့.... ဒီချိန်က ကွက်တိပဲ
7 years ago
{{slangs[476].share_count}}

ဒွတ်ကြီး

အလွန်ကျက်သရေတုံးသော၊ ပြသနာကြီးသယ်လာတတ်သော သူများကိုခေါ်ဝေါ်သည့် အသုံးအနှုန်းဖြစ်သည်။

ဟိုက် လစ်ပြီဟေ့။ ဟိုမှာ ဒွတ်ကြီး လာနေပြီ၊ မဟုတ်တာ တစ်ခုခုတော့ ဒီကောင် သယ်လာဦးမှာပဲ။
7 years ago
{{slangs[474].share_count}}

စနှိုက်ကြော်

သူများရည်းစား၊ ပိုင်ရှင်ရှိပြီးသူများအား တကယ်မချစ်ဘဲ အချောင်ရလိုစိတ်ဖြင့်ကြောင်တောင်နှိုက်သူ။

၁။ စနှိုက်ကြော်တွေကို မုန်းတယ်။ ၂။ အဲ့တစ်ယောက်ပေါ့ စနှိုက်ကြော်လေ၊ တွေ့မရှောင် ဘာလာလာဒေါင်းပဲ။
7 years ago
{{slangs[392].share_count}}

မန်မန်တွေတူတူပုန်းလိမ့်မယ်

ဝင်ငွေမရှိ/ အလုပ်မရှိသောအခါ ထမင်းစားဖို့ငွေမရှိခြင်းကိုဆိုလိုသည်။

ငါအလုပ်မရှိရင် မန်မန်တွေတူတူပုန်းသွားလိမ့်မယ်
7 years ago
{{slangs[386].share_count}}