Define Gawdai

User Avatar

အာ မက္

Total Gawdai: 0

ကိုသဲမောင်

ချစ်သူနှင့် ဖုန်းပြောသည့်အခါ "ကို" , "သဲ" , "မောင်" စသည့် အခေါ်အဝေါ်များသုံး၍ ပြောလေ့ရှိတတ်သည့် အမျိုးသားများအား စ၊ နောက် သည့်အနေဖြင့် ခေါ်ဝေါ်သည်။

ဗျို့ "ကိုသဲမောင်" ဆော် က ဘာတဲ့လဲ ဗျ??? ခု ပြန်လာတဲ့လား ???
7 years ago
{{slangs[707].share_count}}

ဒေါင်းချား

သူတောင်းစား ဟူသောစကား လုံးကို အမြန်ခေါ်ရာ မှ ဖြစ်ပေါ်လာသည်။ သူငယ်ချင်း အချင်းချင်း ချစ်စနိုး (ဒါမှမဟုတ်) အနည်းငယ် အမြင်ကပ် လျှင် ခေါ်လေ့ ရှိသည်။

ဒေါင်းချားက လဲ လုပ်ပေးစမ်းပါဟာ။ နင်တော်တော် အားနေလား ဒေါင်းချားရဲ့။
7 years ago
{{slangs[638].share_count}}

ဆုတောင်း

မဖြစ်နိုင်သည်ကို ပြော(တောင်းဆို)သဖြင့် ပြန်လည်ချေပ သောစကား

စဉ်းစားလေ ဆုတောင်းပေါ့
7 years ago
{{slangs[598].share_count}}

ဂန်းတန်းတန်း

တလွဲလုပ်သည်

မင်းကလဲကွာ လုပ်လိုက်ရင် ဂန်းတန်းတန်းနဲ့
7 years ago
{{slangs[468].share_count}}

ကွီး

ကိုကြီးကို အမြန်ခေါ်ဆိုသည့်အသံ။ ကိုယ့်ထက်အသက်ကြီးသော ဘဲကြီးများကို ရင်းနှီးစွာခေါ်ဆိုခြင်း ။ ကျော်ညိုသွေးကိုယ်တိုင် အပျော်သဘော အသစ်ဖန်တီးပြီး Facebook တွင် စတင်သုံးစွဲရာမှ တဖြည်းဖြည်းပျံ့နှံ့သုံးစွဲလာကြသည်။

"ကွီး..နေကောင်းလား" "ကွီး နှုန်းထားလေး ကြွေပြီ ခေးရယ်.."
8 years ago
{{slangs[298].share_count}}